Sunday, February 18, 2007

လက်တွေယားနေသော ကျွန်တော်

My Dream Cars


Nissan Skyline


Subaru Impraza WRX STI


Toyota Supra


Mitsubishi Lancer Evolution

ကျွန်တော်အသက်နှစ်ဆယ် လောက်ကတည်းက ကားတွေကို Crazyဖြစ်ခဲ့တာပါ။ သွားရင်းလာရင်း ကားလှလှလေးများမြင်လျှင် အနည်းဆုံးတစ်ခေါက်တော့ လည်ပြန်ကြည့်လိုက်ရမှ နေသာထိုင်သာရှိသွားတတ်ပါတယ်။ အခုလည်း စင်္ကာပူတရုတ်နှစ်ကူးမှာ အစိုးရကCOEကို အရမ်းချပေးနေပြန်ပါပြီ။ COE(Certificate of Entitlement)ဆိုတာကတော့ စင်္ကာပူမှာ ကားဝယ်ရင် ကားတန်ဖိုးအပြင် ထပ်ဆောင်းပြီးအပိုပေးရတဲ့ပိုက်ဆံပါ။ အရင်တုန်းက ဒေါ်လာနှစ်သောင်းလောက်ပိုပေးရပြီး။ အခုလောလောဆယ်တော့ ဒေါ်လာတစ်သောင်းလောက်ပဲ ပိုပေးရမှာပါ။ ပြီးတော့ Insurance ကနှစ်ထောင်လောက်ရယ်၊ ကားတန်ဖိုးရယ်၊ ပြီးတော့ Road Taxက တစ်နှစ်ကို ခြောက်ရာလောက်ရယ်ပေးရပါတယ်။ ကားဈေးတွေကလည်းကျ၊ COEကလည်းကျနဲ့ ကားကို ၀ယ်ချင်လိုက်တာမှ လက်ကိုယားနေတာပဲ။ ဒါပေမယ့် စင်္ကာပူမှာက Public Transportကို အရမ်းကောင်းအောင် လုပ်ပေးထားတော့ ကိုယ်ပိုင်ကားဆိုတဲ့ အရာက မရှိမဖြစ်မှမဟုတ်ပဲ။ ကားဝယ်ထားတဲ့ သူငယ်ချင်းတစ်ယောက် ကတော့ တစ်လကို ၅၀၀ကနေ ၁၀၀၀လောက်ဖြုန်းဖို့ သတ္တိရှိတယ်ဆိုရင်တော့ ၀ယ်ပေါ့တဲ့။ အခုတော့ အဲဒီသတ္တိမရှိသေးခင်မှာ Sgcarmart.comမှာပဲ ကားတွေကို သွားရည်ကျနေရပါတယ်။

Sgcarmartဆိုတာ ကတော့ စင်္ကာပူနိုင်ငံရဲ့ အကြီးဆုံး မော်တော်ကားClassified Websiteပါ။ အဲဒီWebsiteထဲမှာ ကားအသစ်အမျိုးမျိုးရဲ့ လက်ရှိပေါက်ဈေး၊ ကားအဟောင်းအမျိုးမျိုးကို ကြော်ငြာရောင်းချနေတဲ့ ဈေးကွက်နဲ့ ကားဝယ်မယ်ဆိုရင် Monthly Installment ဘယ်လောက်လောက်ကျမလဲ တွက်လို့ရတဲ့ Calculator စသဖြင့် ကားနှင့် ပတ်သတ်ပြီး One Stop Website တစ်ခုလို့ပြောလို့ရပါတယ်။ ကဲ စင်္ကာပူမှာ ကားဝယ်ဖို့ ဆန္ဒရှိလို့ပဲဖြစ်ဖြစ် စပ်စပ်စုစု ဘယ်ကားတွေ ဘယ်ဈေးလောက်ရှိသလဲ သိချင်လို့ပဲဖြစ်ဖြစ် ဒီwebsiteလေးကို တစ်ခေါက်လောက်တော့သွားကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဒီကားပုံလေးတွေကြည့်ရင်း သတ္တိတွေမွေးလို့နေရပါတော့တယ်။

5 comments:

NYI NYI said...

ဝယ်ချယ်ဝယ်ပေါ့ကွာ.. off-peak car ပဲဖြစ်ဖြစ်.. မင်း စနေ၊တနင်္ဂနွေ အလုပ်သွားရတဲ့အခါ ငါယူမောင်းလို့ ရတာပေါ့.. ဟဲဟဲ.. :)

Zin Ko Latt said...

Off peak car ပဲဝယ်မလို့ စဉ်းစားနေတာ။ တစ်လမှ S$200လောက်ပဲ Installment ပေးရမှာ။ စိတ်တော်တော်ထိန်းနေရတယ်။ ရတယ်၊ မင်း weekendတွေဆို ယူမောင်း။ ပြီးရင် KFCလောက်နဲ့ ပဲဖြစ်ဖြစ်ကျေးဇူးသိတတ်ရင်တော်ပြီ။

LIN LET KYAL SIN said...

ဘာမှမဆိုင်တဲ့စကားဝင်ပြောလိုက်ပါဦးမယ် .. လက်ဖ၀ါးနည်းနည်းနာချင်နေတယ်အကို ဟိး

Zin Ko Latt said...

လင်းလက်ရေ၊ အဲလို လက်နာခြင်းမျိုးကတော့ အရသာပါ။ တစိမ့်စိမ့်နဲ့ ခံစားနေလိုက်။ ဟိဟီး။

Gege Dai said...

kobe 9
adidas uk store
cazal sunglasses
uggs outlet
chrome hearts eyewear
michael kors handbags
ray ban sunglasses sale
ferragamo shoes
coach outlet online
christian louboutin outlet
cheap canada goose jackets
tory burch shoes
reebok shoes
jordan pas cher
longchamp solde
longchamp pliage
chrome hearts outlet
ralph lauren,polo ralph lauren,ralph lauren outlet,ralph lauren italia,ralph lauren sito ufficiale
cheap oakley sunglasses
louis vuitton bags
michael kors handbags
cartier watches for sale
prada sunglasses for women
ugg outlet
abercrombie and fitch
cheap nfl jersey
cheap ugg boots
moncler jackets
nike roshe run
louis vuitton outlet
cartier outlet
michael kors outlet
jordan 4
michael kors outlet clearance
michael kors handbags clearance
nike roshe
0811jianxiang