Sunday, March 4, 2007

အာစရိယဂုနော အန္တနော

ဟိုတစ်နေ့က ရန်ကုန်က ဦးလေးတစ်ယောက်နဲ့ ဆရာဦးသိန်းလွင်(အင်္ဂလိပ်စာ) ရောက်နေတယ်ဆိုလို့ အလုပ်ကအပြန်တစ်ခါတည်း ကြိုပြီးပြန်လာခဲ့တယ်။ ဆရာကတော့ ကျူရှင်သင်တုန်းပဲတဲ့။ ကိုယ်ကိုတိုင်လဲ ၈တန်း၊ ၉တန်း၊ ၁၀တန်းဆရာ့ဆီမှာပဲ တက်ခဲ့တာပါ။
ဆရာသင်ပေးတဲ့ "I, We, You, They - Doနဲ့တွဲမယ်။ He, She, It အနည်း - Doesနဲ့တွဲမယ်။ Past - Did, Past - Did" ဆိုပြီးအော်ဆိုခဲ့ဖူးတဲ့ စာသားတွေက အခုထိ ခေါင်းထဲမှာ စွဲနေတုန်း။ Iနဲ့ meနဲ့ တောင် ကောင်းကောင်းမကွဲတဲ့ တချို့ စလုံးတွေကြားထဲမှာတော့ ဆရာ့ကျေးဇူးကြောင့် ဆရာ့တပည့်Grammerကို တော်တော်ပိုင်တယ်လို့ ပြောလို့ရပါတယ်။
lay, laid, laid - ဥ ဥသည်။ lie, lied, lied - လိမ်ပြောသည်။ lie, lay, lain -လှဲလျောင်းသည်။ အဲဒီဟာတွေကို ကွဲပြားအောင်ဆိုပြီး သင်ရင်းသင်ရင်းနဲ့ ဆရာကိုယ်တိုင်နောက်တဲ့ စကားလေးဆို အခုပြန်စဉ်းစားရင် အခုထိ ပြန်ရယ်နေရတုန်းပါပဲ။ "Lie Lay Line, လိုင်း၎လိုင်း သာကတကို လိုင်း၎လိုင်း"တဲ့လေ။

3 comments:

soe zeya said...

ဆ၇ာကျူ၇ှင် သင်တာက စီးပွားရေးအတွက် မဟုတ်တော့ဘူး ဆေးရုံ့ ဆောက်မလို့

mgthantzin said...

အစ်ကိုနှစ်ယောက်လုံးရေးထားတာကို ဆရာ့ကို ပြလိုက်လို့ ဆရာဖတ်ပြီး ပြုံးနေပါကြောင်း...

Zin Ko Latt said...

သန့်ဇင်ရေ ဆရာမပြန်ခင်လာတွေ့ပါဦးမယ်လို့။