Saturday, March 10, 2007

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

စွယ်စုံအလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ် ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ပညာမှာ တော်သနည်း။

တော်သည်ခြင်းရာ၊ ဆိုသည် မှာကား
လက်ရာဆန်းသစ် ၊ ခေတ်မီဆန်းပြား
တိုင်းခြားနည်းစုံ၊ အဖုံဖုံကို
တတ် ရုံမျှဖြင့် မပြီးသေး။

တို့မြေတို့ရေ ၊ တို့အခြေနှင့်
တို့ငွေတို့အား၊ တို့စိတ်ထားနှင့်
စည်းဝါးကိုက် ညီ ၊ ညှိကြံ စည် မှ
တော်သည်ယူ ဆ စွယ်စုံ လှ ။ ။

ဆရာဇော်ဂျီ
ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၃၊
အောက်တိုဘာ ၁၉၆၄။

မြန်မာဘလော့ခ်ကာဖိုရမ်မှာ ကိုရန်အောင်တင်သွားတဲ့ကဗျာလေးပါ။ အရမ်းကြိုက်လွန်းလို့ပါ။

4 comments:

Yan said...

Traffic တွေလာနေတာတွေ့လို့ ဘာလဲဆိုပြီး လာရှိုးတာဗျို့။ ဒီကဗျာလေးကို ကြိုက်တယ်ဆိုတာသိရလို့ ၀မ်းသာပါတယ်ဗျာ. Poem Corner မှာလည်း ၀င်ရောက်ဆွေးနွေးထားတာတွေအတွက် ကျေးဇူးတင်ပါတယ်….

Zin Ko Latt said...

လုပ်ပေးရမှာပေါ့ဗျာ၊ အချင်းချင်းတွေပဲဟာ . . .

nay said...

‘ဒီကဗျာလေး နိုင်ငံကျော်တာကိုအားကျလို့ ငါလဲ
ငါ့ညီငကြောင် စည်သူအောင်
လို့အစချီပြီး ကဗျာရေးမလို့စိတ်ကူးနေတယ်ကွ ...

Zin Ko Latt said...

nay > #$#%^@*&^%$#@