Wednesday, May 16, 2007

ရွေးလို့မရခဲ့တဲ့ ပိုစ့်တွေ

ဘလော့ခ်စာအုပ်အတွက် ကျွန်တော်ဖတ်ရမယ့် ဘလော့ခ်တွေထဲမှာ ကျွန်တော်နဲ့ အပြင်မှာတွေ့ဖူးတဲ့ ကိုတက်စလာ၊ ကိုသန့်ဇင်အောင်နဲ့ သဲလေးတို့ရဲ့ ဘလော့ခ်တွေပါတယ်။ အခုပဲသူတို့ရဲ့ ဘလော့ခ်တွေထဲကနေ ကောင်းနိုးရာရာ ပိုစ့်လေးတွေကို သွားရွေးခဲ့တာပါ။ အမှန်တော့ ကျွန်တော်ရွေးခဲ့တဲ့ပိုစ့်တွေထက် ပိုကောင်းတာတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် ဟိုဟာနဲ့ မလွတ်၊ ဒီဟာနဲ့ မလွတ်ဆိုတာတွေ ဖြစ်နေလို့ ချန်ထားခဲ့ရပါတယ်။ တကယ်တမ်းတော့ ကျွန်တော်တို့ဘလော့ခ်ဂါတွေဟာ ၀တ္ထုလိုလို အက်ဆေးလိုလိုလေးရေးလိုက်၊ ကဗျာလေးရေးလိုက်၊ ကိုယ်တွေ့အဖြစ်အပျက်လေးရေးလိုက်နဲ့ တစ်တိုင်းပြည်လုံးမှောင် အတိဖုံးနေတာ၊ တစ်မျိုးသားလုံး ဒုက္ခရောက်နေတာကိုတော့ မသိကြဘူး မရေးကြဘူးလို့ စာအုပ်ဖတ်တဲ့ လူတွေထင်သွားမှာကို စိုးရိမ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စာအုပ်လေးက အင်တာနက်ဆိုတာတောင် ဘာမှန်းမသိတဲ့ မြန်မာပြည်သူတွေကို ဘလော့ခ်ဆိုတာဘာလဲဆိုတာတော့ ဖွင့်ချပြနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီအထဲကမှ ကျွန်တော်ကြိုက်ပြီး ရွေးခွင့် မရှိတဲ့ တစ်ချို့ပိုစ့်လေးတွေကို ဒီမှာ အမှတ်တရတင်ထားပါတယ်။

ကိုသန့်ဇင်အောင်ရဲ့ လွတ်လပ်ရေး

ကိုသန့်ဇင်အောင်ရဲ့ အလှူဒါနပြုကြသူငါဆိုတဲ့ပိုစ့် ကနေတဆင့် နိုင်းနိုင်းစနေရဲ့ တွေးတွေးပြီး . .ရယ်

ကိုတက်စလာရဲ့ ငါတို့မျှော်လင့်ချက်

ကျွန်တော်တို့ စာမူတွေကို ၁၅ရက်နေ့ အပြီး အဆုံးသတ်ရွေးပြီးဘလော့ခ်ပေါ်မှာ တင်ရမှာလေ။ ဒါပေမယ့် ဒီရက်ပိုင်း မအားတာနဲ့ မဖတ်ဖြစ်သေးဘူး။ ဒီနေ့မှ ဖတ်ပြီးအသည်းအသန်သွားတင်တော့မှ ကိုယ့်ထက်ဆိုး ကိုသာဆိုးတွေ အများကြီးပဲဆိုတာသိလိုက်ရတယ်။ ဟီးဟီး။ အယောက်၂၂ယောက်က မြန်မာဘလော့ခ်ပေါင်း 150လောက်ကို ဖတ်ဖို့တာဝန်ကျတာ အခုထိ ဖတ်ပြီးတင်ထားတဲ့ သူက ၁၀ယောက်မပြည့်သေးလို့လေ။ :P

3 comments:

TZA said...

ကျနော့ဘလော့ဂ်ကို အချိန်ပေးပြီး ဖတ်ပေးတာ ကျေးဇူးပါ ကိုဇင်ကိုလတ်၊ ပေါတောတော ရေးထားတာတွေကို မတွေ့ချင်ယောင်ဆောင်ပေးပါလို့၊ ဟဲဟဲ။

ကျနော် ဟုတ်တိပတိရေးခဲ့တဲ့ ဟာတွေလည်း များသောအားဖြင့် ငြိနေတာတွေဗျ၊ ဆိုတော့ ထားလိုက်ပါ၊ ကျနော့ဟာတွေကို ဂရုမစိုက်ပါနဲ့၊ သူများပို့စ်တွေကိုသာ ဦးစားပေးကြည့်ပါ၊ အဓိက ကတော့ စာအုပ်ဖြစ်မြောက်သွားဖို့ပဲ။

ကိုဇင်ကိုလတ် စိုးရိမ်တဲ့အချက်ကို ကျနော်လည်း ထပ်တူထပ်မျှ စိုးရိမ်မိပါတယ်၊ အနုအရွတွေပဲ အဓိကပါတဲ့ အပျော်ဖတ် စာအုပ်မျိုး ဖြစ်သွားမှာကိုတော့ ကျနော့အနေနဲ့ မလိုလားပါဘူး။ ဒီထဲမှာ trade-off တော့လုပ်ရမှာပါပဲ။

Zin Ko Latt said...

ဟုတ်တယ်ဗျ။ ကျွန်တော်ကြိုက်တာတွေ ရှိသေးတယ်။ ဒါပေမယ့် ငြိနေတာတွေများလို့ မရွေးဖြစ်ခဲ့တာ။

John said...

fitflop uk
louis vuitton
ed hardy uk
ralph lauren pas cher
mcm handbags
nike air max 90
hollister co
coach outlet online
sac longchamp
insanity workout
north face uk
juicy couture
rolex replica watches
ugg slippers
ralph lauren
cheap jordans
rolex watches
gucci shoes
football shoes
abercrombie
jordan pas cher
pandora jewelry
ugg sale
replica watches
instyler max
nike cortez
prada
kate spade uk
kevin durant shoes
christian louboutin
swarov ski jewelry
2015919yuanyuan