
ကျွန်တော်တို့ မြန်မာတွေရဲ့ ရိုးရာအစားအစာဖြစ်တဲ့ မုန့်ဟင်းခါးဆို တစ်နေရာနဲ့ တစ်နေရာတောင် ချက်တဲ့နည်း ထည့်တဲ့ဟာတွေ မတူရင် မတူသလို အရသာက အမျိုးမျိုးပါ။ ဘိုကလေးဒေါ်ညိုမုန့်ဟင်းခါးဆိုအရသာက တစ်မျိုး၊ ရွှေလှေခါးဆို တစ်မျိုး။ တစ်ချို့ ပဲမှုန့်နဲ့ ချက်တယ်။ တစ်ချို့က အုန်းနို့နဲ့၊ တစ်ချို့က ငရုတ်ကောင်းများများ၊ တစ်ချို့က စပါးလင်နိုင်နိုင် အမျိုးမျိုးပါပဲ။ ရန်ကုန်ကနေ မန္တလေးကိုရောက်သွားရင်လည်း အရသာက လုံးဝပြောင်းသွားပါတယ်။ မန္တလေးမှာက ပဲနဲ့ ချက်တာများတယ်လေ။ အဲ ..မုံရွာဖက်ရောက် သွားပြန်တော့ မုန့်ဟင်းခါးကို ကြက်သားနဲ့ ချက်ကြတယ်တဲ့။ ဒီမှာကတော့ Seoul Garden သွားစားလဲ ၁၇ကျပ်တန် အသားကင်ဘူဖေးလ်က ဒီအရသာ၊ Marina Bay သွားစားလဲ ၁၂ကျပ်တန်ဘူးဖေးလ်ကလည်း ဒီအရသာပါပဲ။
ပြီးတော့ နေရာဒေသအလိုက်လည်း အစားအစာတွေက တမျိုးနဲ့ တမျိုးမတူပါဘူး။ အင်းလေးအစားအစာတွေဖြစ်တဲ့ ငါးထမင်းနယ်၊ ၀က်သားချဉ်၊ ဟင်းထုပ် စတဲ့ အစားအစာတွေကို ကောင်းကောင်းစားချင်တယ်ဆို ဟိုး . . အင်းလေးအိုင်မှာ ရှိတဲ့ ဖောင်တော်ဦးဘုရားနား အထိသွားပြီးစားမှ တကယ့်အရသာအစစ်ကို စားရမှာပါ။ ပြီးတော့ ဖီးလ်ကလည်း ကွာပါတယ်။ ဥပမာ ထန်းရည်ချိုကို ထန်းပင်အောက်မှာ သောက်ရတဲ့ဖီးလ်နဲ့ တခြားနေရာမှာ သောက်ရတဲ့ ဖီးလ်ချင်းက ဘယ်လိုမှ မတူနိုင်ပါဘူး။ (ကျွန်တော် ထန်းရည်ကို ကောင်းကောင်းတစ်ခါမှ မသောက်ဖူးပေမယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးတာ။ စာအုပ်ထဲမှာ ဖတ်ဖူးတာတွေကြောင့် အရသာတော်တော်ရှိမယ်ဆိုတာ တွေးကြည့်တာနဲ့ သိပါတယ်)။ တစ်ခုရှိတာက စင်္ကာပူက အရမ်းကျဉ်းလို့ အဲလိုမျိုးဒေသထွက် အစားအစာတွေမရှိတာလဲ ပါတာပေါ့။

ဒါကြောင့် အားရင် အားသလို အိမ်ထမင်းအိမ်ဟင်းလေးကို ချက်စားဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မှာရှိတဲ့လူတွေက ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ အဆင်ပြေတဲ့နေရာမှာ စားကြရတာဖြစ်လို့ ကိုယ်တစ်ယောက်တည်း အတွက်ကျတော့လည်း ချက်ဖို့ကို ပျင်း ပျင်းနေတတ်ပါတယ်။ တစ်ယောက်တည်းအတွက်တော့ အလုပ်ရှုပ်မခံနေတော့ပါဘူး၊ အပြင်မှာပဲ ၀ယ်စားလိုက်တာပေါ့ဆိုပြီး ဟော်ကာစင်တာသွား . . . ငါးမိနစ်လောက်ကြာအောင် ဟိုကြည့်ဒီကြည့်နဲ့ ဘာစားလို့ စားရမှန်းမသိဖြစ်ရတာ အကျင့်ကြီးတစ်ခုလို ဖြစ်လို့နေပါပြီ။
6 comments:
ဘ၀တူတွေလာတွေ့နေတယ်.. စင်္ကာပူမှာ စက်ရုံတစ်ခုထဲကနေ ဟင်းတွေဒိုင်ခံချက်တာလေ.. သိဘူးလား..
ချက်တာထားတော့ မစားဘဲနဲ့ .... ဘာစားချင်သလဲပြောခဲ့ ချက်ပြီးလာပို့ပေးမယ်
demo >>> ဟုတ်ပ၊ `စက်ရုံတစ်ခုထဲကနေ ဟင်းတွေဒိုင်ခံချက်တယ်´ဆိုတဲ့ စကားကိုတော့ ကြိုက်သွားပြီ။
anonymous >>> ဟီးဟီး၊ စိတ်တောင်မကောင်းဘူး။ ထမင်းအုပ်ဆောင်းဖွင့်တော့မှ တွေ့တယ်။ စားပြီးလို့ ပန်းကန်တောင် ဆေးလိုက်ပြီ။
ဗိုက်ဆာလိုက်တာဗျာ။ အကို့  ပို့ စ်ဖတ်ပြီး။ .... ဟုတ်ပဟုတ်ပ ၊ ဒါတွေကြီးပဲ။ ဟင်းထပ်တွေ။ ....
wai phyo >>> ကောင်မလေးကို ချက်ကျွေခိုင်းလေကွာ။ ဟီဟီး
Hello dear,
We, TIS Translation Agency, are seeking for freelance Burmese translator. If you or your colleages are interested in, pleasse submit your resume to info(AT)tistransltion.com
Best Regards,
TIS recruitment team
Post a Comment