Monday, December 17, 2007

ယုံပါ၊ တကယ်မအားတာပါ။

အိပ်ရာကနှိုးတော့ နေ့လည် သုံးနာရီထိုးပြီ။ မနေ့ညက တစ်ညလုံး TPmyanmar သင်္ကြန်တွေကို Collection DVD ကိစ္စ လုပ်ထားလို့ တော်တော်ပင်ပန်းနေတယ်။ ဟင်း..... ဒီညလည်း ထပ်သွားရဦးမယ်။ သွားတိုက်၊ မျက်နှာသစ်၊ ရေမိုးချိုး။ ရေချိုးခန်းထဲက ထွက်လာတော့ Missed call တစ်ခုတွေ့လိုက်တယ်။ MKNMတဲ့။ ဒါနဲ့ ပြန်ဆက်လိုက်တော့....

“အမ ပြော”
“ဟဲ့... ဘယ်ရောက်နေတာတုန်း။ ဟိုကိစ္စ စင်္ကာပူကို လာဖြစ်တယ်။ အဲဒီကိစ္စ စီစဉ်စရာရှိတာတွေ စီစဉ်ရမယ်။ အားလား။ ”
“အမရယ်၊ ကျွန်တော်ကတော့ ထုံးစံအတိုင်းပေါ့။”

အဲဒီကိစ္စကို ၁၀မိနစ်လောက် ပြောနေတုန်း MaShweဆီက 2nd call ၀င်လာတယ်။
“ဟဲလို ဟုတ် အမပြော”
“တီပီမြန်မာ ၁၀နှစ်ပြည့်အတွက် Key Chainကိစ္စ ပြောမလို့”
“သြော်.... ဟုတ် . . . . . . ဘယ်လောက်တဲ့တုန်း၊ ...... ဆိုင်ကနေ Sample ပို့ခိုင်းလိုက်လေ။ . . . ဟုတ် ”

ဖုန်းတွေ အားလုံးချပြီးတော့မှ မနက်စာ ခေါက်ဆွဲပြုတ်လေး အပြေးအလွှားလုပ်။ လုပ်ရင်းနဲ့ အီးမေးလ်ဖွင့်တော့ ညီညီFwdထားတဲ့ အီးမေးလ်၊ သံလွင်အိပ်မက်Domain name က နောက်လကုန်လောက်ဆို ကုန်ပြီတဲ့။ အင်း အဲဒီကိစ္စကလည်း အရေးကြီးတယ်။ websiteက ဒေါင်းနေတာတော်တော်ကြာပြီ။ ပြီးတော့ လမ်းပြကြယ်က Duty Roster ကို ပို့ထားတာတွေ့တယ်။ ဒီလထဲ ဘယ်နှရက်လောက်လုပ်ရမလဲ။ ၂၂ရက်နေ့နဲ့ ၃၀ရက်နေ့တဲ့။ ၂ရက်ပဲ လုပ်ရမယ်။ တခြား Volunteerတွေ အများကြီး ရှိလို့ တော်ပါသေးတယ်။

အဲဒါနဲ့ DVDကိစ္စကို ကိုZYအိမ်မှာ လုပ်နေတုန်း ည ကိုးနာရီလောက်မှာ မန်နေဂျာဆီက ဖုန်းလာတယ်။ “မင်းအခု အလုပ်ကို တချက်လောက်ပြန်သွားပါ”တဲ့။ “ဒီနေ့က မင်းရဲ့ Standbyနေ့တော့ မဟုတ်ဘူး၊ ဒါပေမယ့် အလုပ်ထဲက စက်တစ်လုံး မော်တာလဲရမှာမို့လို့ ပြန်သွားပါ”တဲ့။ ဟင်း မတတ်နိုင်။ ပင်ပန်းတယ် မပင်ပန်းဘူးဆိုတာထက် သြော် ပိုက်ဆံရတာပေါ့လို့ပဲ တွက် ပြီး သွားလိုက်တယ်။ မော်တာလဲတာ သုံးလေးနာရီလောက်ပဲ ကြာမှာလို့ ထင်တာပဲလေ။ အလုပ်ကို သွားနေတုန်း MaGTက ဖုန်းလှမ်းဆက်တယ်။ “ဟိုကိစ္စ ပိုက်ဆံလှူဖို့လေ
၊ အဲဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲ မေးတာ”
“သြော် ဟုတ်... လုပ်သင့်ပါတယ်။ .... ဟုတ် .... ပြန်ဆက်လိုက်မယ်လေ”
။ သူနဲ့ ခဏပြောပြီးတော့ KoTSဆီက ဖုန်းလာတယ်။ TPmyanmar ၁၀နှစ်ပြည့်လုပ်ဖို့ Conference call လုပ်ဖို့ တိုင်ပင်တာ။ အင်း...နောက်နေ့ ညဖက် ၁၀နာရီလောက် အလုပ်က ပြန်ရောက်မယ့် အချိန် ချိန်းလိုက်တယ်။

ဒီလိုနဲ့ မော်တာလဲတာ မနက် လေးနာရီလောက်ကျတော့ ပြီးသွားတယ်။ (လေဆိပ်ထဲမှာက ညဖက် လေယာဉ်ပျံတွေရှင်းတဲ့ အချိန်မှ အေးအေးဆေးဆေး စက်တွေ ကိုင်လို့ ရတာလေ၊) အလုပ်ထဲကနေ DVDလုပ်နေတဲ့ ကိုဇေယျာအိမ်ကို သွား။ ပြီးတော့ လုပ်စရာရှိတာ ဆက်လုပ်။ မနက်၆နာရီ လောက်မှာ အိမ်ပြန်။ နေ့လည် ၁၂နာရီလောက်အထိအိပ်။ အိပ်ရာနိုးတော့လည်း အဲဒီDVDကိစ္စကို သွားလုပ်။ ည၁၀နာရီလောက် Conference call လုပ်ဖို့ ပြန်လာပြီး ဖုန်းခေါ်တော့ Conference ထဲမှာ လူငါးယောက်လောက်ရောက်နေပြီ။ Hostလုပ်တဲ့ သူရဲ့ ဖုန်းက ငါးယောက်ပဲ လက်ခံလို့လားမသိ။ နောက်တစ်ယောက် ထပ်ဝင်လို့ မရတော့ဘူး။ ဒါနဲ့ ပဲ နောက်ထပ် လေးယောက်က ပထမရှိနေတဲ့ Conferenceထဲက တစ်ယောက်ရဲ့ ဖုန်းကို ခေါ်၊ Conference တစ်ခုလုပ်ပြီး ကျွန်တော်တို့ ရှိနေတဲ့ Conferenceကို လာJoinမှ အဆင်ပြေသွားတယ်။ အဲဒါနဲ့ ပဲ အားလုံးပေါင်း လူ၉ယောက်လောက် TPmyanmar ၁၀နှစ်ပြည့်အတွက် အပြင်းအထန်ဆွေးနွေးတာ အားလုံးပေါင်း ၃နာရီလောက်ကြာသွားတယ်။

နောက်နေ့ မနက် အိပ်ရာနိုးတော့ OBP websiteအတွက် အထဲမှာ ထည့်ဖို့ dataတွေစု။ စုနေတုန်း OBPက ကိုSTunက ဖုန်းဆက်ပြီး “အဲဒီwebsiteလေး မြန်မြန်ပြီးအောင် လုပ်ပေးပါဦး”တဲ့။ “ဟုတ်ကဲ့ အကို ကျွန်တော်အကူအညီတောင်းထားတဲ့ တစ်ယောက်နဲ့ ချိတ်ပြီး အဆင်ပြေအောင်လုပ်ပေးပါ့မယ်”။ အဲဒီအချိန်မှာပဲ ကျွန်တော်နဲ့ အတူတူတွဲလုပ်နေတဲ့ အဖွဲ့နောက်တစ်ခုက မKက ဖုန်းဆက်ပြီး အစည်းအဝေးရှိမယ်တဲ့။ ဘယ်နေ့ အားလဲတဲ့။ “...အဲ..မနက်ဖြန်က စပြီး လေးရက်ဆက်တိုက် အလုပ်ရှိတယ်။ Conference call ပဲ လုပ်လိုက်ပါလား အမ” “အင်း အဲဒါဆိုလည်း Conference call ပဲ လုပ်မယ်”
ဆိုပြီး အဖွဲ့ထဲက လူလေးငါးယောက်လောက်နဲ့ လုပ်စရာရှိတာတွေကို ဆွေးနွေးဖြစ်တယ်။ ဖုန်းပြောနေတုန်း အခန်းတစ်ခုလုံး အ၀တ်တွေနဲ့ ရှုပ်ပွနေလို့ လျှော်စရာရှိတာတွေကို အ၀တ်လျှော်စက်ထဲထည့် ဆပ်ပြာမှုန့်ထည့်ပြီး ခလုပ်နှိပ်ထားလိုက်တယ်။
ဖုန်းချပြီးတော့ ဘလော့ခ်လေးရေးချင်လို့ ကွန်ပျူတာဖွင့် ထုံးစံအတိုင်း အီးမေးလ်ကို အရင်စစ်တော့ စာမေးပွဲ ဖြေဖို့အတွက် Reminder email ကို တွေ့လိုက်တယ်။

ဘလော့ခ်ရေးမယ် စဉ်းစားတုန်းရှိသေး၊ အ၀တ်လျှောက်စက်က ပြီးသွားလို့ “တီ ... တီ .... တီ” မြည်သံတွေ ထွက်လာပါတယ်။ အဲဒါနဲ့ အ၀တ်တွေလှမ်းရင်း တွေးမိတယ်။ လူမှုရေး၊ စီးပွားရေး
၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ၊ လုပ်စရာရှိတာတွေ တစ်ခုပြီး တစ်ခုလုပ်နေတယ် ဆိုပေမယ့် တကယ်တမ်းကျတော့ လူမှာ လုပ်နိုင်တဲ့ Limitတစ်ခုရှိပါတယ်။ အဲဒီLimitကို ကျော်ပြီး ဘယ်လိုမှကို လုပ်လို့ မရပါဘူး။ အဓိကတော့ အချိန်ပါ။ ကျန်တာကတော့ လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ပါ။ ကိုယ်မနိုင်ပဲနဲ့ အများကြီး လုပ်တဲ့အခါမှာ ဒီဖက်မှာ လစ်ဟင်းသလို၊ ဟိုဖက်မှာလည်း ပြီးပြည့်စုံတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီဖက်မနိုင်၊ ဟိုဖက်မနိုင်နဲ့ နောက်ဆုံးမှာ “လေ”ပဲလာပြီး တကယ်အလုပ်မလုပ်နိုင်တဲ့သူ၊ ကတိတွေ အကြိမ်ကြိမ်ပေးပြီး ဖြစ်မြောက်အောင် မလုပ်နိုင်သူဖြစ်လာမှာ စိုးရိမ်လာမိပါတယ်။ အဲဒါကြောင့် လုပ်ချင်တာတွေ၊ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေကို တစ်ခုချင်း တစ်ခုချင်း လုပ်တာအကောင်းဆုံးပဲလို့။ ကဲ .... ဘယ်ဟာကို အရင်ဆုံးလုပ်ရင်ကောင်းမလဲ။ အခုလောလောဆယ် အ၀တ်တွေ လှမ်း၊ ခြောက်ပြီးသားတွေခေါက်လို့ အ၀တ်ဘီရိုထဲထည့်လိုက်တာ အကောင်းဆုံး ဖြစ်နေပါတော့တယ်။

5 comments:

MELODYMAUNG said...

အရင်ဆုံးလုပ်ရမှာကတော့ လုပ်စရာရှိတာတွေကို ချရေး စာရင်းပြုစုပြီး စလုပ်သင့်တာ ဦးစားပေးသင့်တာတွေကနေစပြီး နံပါတ်စဉ်တပ်လုပ်ပါ။ လုပ်ပြီးတာတွေကို တစ်ခ် လုပ်လိုက်။ နောက်ဆုံးတော့ ပီးသွားမှာပေါ့ အတည်ပြောတာနော် ဟိုလိုလူရေ

khayayphyu said...

Can I apply secetary position? Not only helping ur jobs, but also making coffee, massage, reading short stories and choosing for Thanlwinainmat, reading ur email and replying, planning date for you (Hello Girls - Pls Q and give me the list), taking your salary, 13 mth and bonus.... :P

But now dnt even read my mail. :(
(sait dat kya tal)

ဂျစ်တူး - gyit_tu said...

အောင်ညလေး မောင်ဇင်ကိုလတ် မအားချက်ကို ယုံပါပြီ ... ဖုံးတွေကလည်း အများသားကွယ် အဟားးး

ခရေဖြူရေးထားတာလေး သဘောကျတယ် အဟီ ။

Zin Ko Latt said...

MelodyMaung - လုပ်စရာရှိတာတွေ ချရေးနေတုန်း နောက်ထပ်လုပ်စရာတွေ ရောက်လာလိုက်၊ ပထမဟာထပ် ဒုတိယဟာက ပိုအရေးကြီးလိုက်နဲ့။ ရှုပ်ရှက်ကို ခက်နေတော့တာပါပဲ အမရယ်။

Khayayphyu - hehe. btw i already read your short stories. okie? even though i m very very busy. :P

ဂျစ်တူး - အင်း ယုံပါ။ တကယ်မအားတာပါ။

Ka Daung Nyin Thar said...

Merry Christmast to you brother!!