Sunday, October 25, 2009

လောကကြီးနဲ့ လွဲခဲ့သူတစ်ယောက်

ကျွန်တော်စာအုပ်တွေ ဖတ်ပြီး မျက်ရည်ကျဖူးတာ မရှိသလောက်ရှားပါတယ်။ အဲဒီမရှိသလောက်ရှားတဲ့စာအုပ်တွေထဲကမှ တစ်အုပ်ကို ပြောပါဆိုရင် နီကိုရဲရဲ့ ကြည်ပြာရောင် နဂ္ဂတစ်များဆိုတဲ့ ၀တ္ထုစာအုပ်လေးပဲဖြစ်ပါလိမ့်မယ်။

ဟ . . . မကြည်ပြာဆိုတဲ့ စာအုပ်က ဟာသ ၀တ္ထုမဟုတ်ဘူးလား။ ဟာသ၀တ္ထုဖတ်ပြီး ရယ်ရလွန်းလို့ ရယ်တာလားလို့ မေးနိုင်ပါတယ်။ မဟုတ်ပါဘူး ကျွန်တော် ဖတ်ပြီး ၀မ်းနည်းလွန်းလို့ပါ . . . ၀တ္ထုထဲက ကိုရဲဝင်းကို သနားသလို ကိုယ့်ကိုယ်ကိုလည်း သနားလို့ပါ။ အဲဒီဝတ္ထုရဲ့ စကားလုံးတွေကို အကုန်လုံးမမှတ်မိတော့ပေမယ့် အကြောင်းအရာကတော့ ကိုရဲဝင်းကို မကြည်ပြာက မချစ်တော့ပဲ နောက်တစ်ယောက်ကို စိတ်ယိမ်းနေတဲ့အတွက် ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုလာပါတယ်။ လဖက်ရည်ဆိုင် နှစ်ဆိုင်မှာ ကိုရဲဝင်းနဲ့ သူ့ရဲ့ ပြိုင်ဖက်က တစ်ဆိုင်ဆီမှာ ထိုင်နေကြပါမယ်။ အဲဒါကို မကြည်ပြာက ရွေးလိုက်တဲ့သူရှိတဲ့ ဆိုင်ကို သွားပါလိမ့်မယ်။ အဲဒီလို မကြည်ပြာမဆုံးဖြတ်ခင် ညမှ ကိုရဲဝင်းရင်ထဲက ခံစားချက်တွေကို ဖတ်ပြီး မျက်ရည်ကျရတာပါ။

ကိုရဲဝင်း ရင်ထဲမှာ ဘာတွေရှိလဲဆိုတာ အတိအကျမမှတ်မိပေမယ့် အကြမ်းဖျဉ်းကတော့ “မကြည်ပြာရေ . . . မင်းဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် ငါကတော့ လက်ခံရမှာပါ။ ဘာပဲ ဖြစ်ဖြစ် ငါ မကြောက်ပါဘူး။ ငါ့ဖက်မှာ ငါ့ကိုချစ်တဲ့သူငယ်ချင်းတွေရှိတယ်။ ဂျပ်ဆင်အိုနဲ့ သစ်ပုပ်ပင်ကြီးရှိတယ်။ ဟောသည် တက္ကသိုလ်ကျောင်းဝင်းကြီးရှိတယ်။ ငါ့ရင်ထဲက အချစ်တွေကို သူတို့အားလုံးခံစားသိရှိကြပါတယ်” ဆိုပြီး တိုင်တည်ပြောတဲ့ စကားလုံးတွေကို ကျွန်တော် အရမ်းခံစားသွားရပါတယ်။ မကြည်ပြာနဲ့ ကိုရဲဝင်းရဲ့ ဇာတ်လမ်းကြောင့်ဆိုတာထက် . . . ကျွန်တော်လည်း ကျွန်တော့်ခံစားချက်နဲ့ပါ။ အဲဒီအချိန်တုန်းက ကျွန်တော်က စင်္ကာပူထွက်ဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့အချိန်။ စိတ်ထဲမှာ တွေးမိတာက ကိုရဲဝင်းပြောတဲ့ ဂျပ်ဆင်အိုကြီးနဲ့ ငါမနီးစပ်ခဲ့ဖူးသလို ထာဝရဝေးကွာရတော့မယ်၊ သစ်ပုပ်ပင်အိုကြီးကို မတွေ့ဖူးခင် ခွဲခွာရတော့မယ်။ ငါတို့မြန်မာလူငယ်လေးတွေအားလုံးကို လက်ပြနှုတ်ဆက်နေမယ့် တက္ကသိုလ်ကျောင်းဝင်းကြီးနဲ့ မဆုံဆည်းနိုင်တော့ဘူး။ စသည်ဖြင့် တွေးမိပြီး မျက်ရည်များ ပေါက်ပေါက်ကျခဲ့ရဖူးပါတယ်။

အခုတော့ အဲဒီတက္ကသိုလ်ဝင်းကြီးဟာ အသက်မဲ့နေပြီဖြစ်သလို ကိုရဲဝင်းတဖြစ်လဲ စာရေးဆရာနီကိုရဲတစ်ယောက်ဟာလည်း အောက်တိုဘာ ၂၃ရက် ၂၀၀၉ ညသန်းခေါင်ယံအချိန်မှာ အသက်မဲ့သွားခဲ့ပါပြီ။ ဆရာနီကိုရဲရဲ့ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ ရိုက်ကွင်းပေါ်မှ အလွဲများ ၁၊ ၂ တို့ဟာလည်း အလွန်ကောင်းတဲ့ စာအုပ်များဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်ရတဲ့ အနုပညာရှင် တစ်ယောက် သေဆုံးသွားတိုင်း ဒါဟာ အိပ်မက်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းခဲ့ပေမယ့် ဘယ်တော့မှ မပြည့်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် လူသာသေပေမယ့် နာမည်မသေမယ့် နောက်ထပ်အနုပညာသည်တစ်ဦးအဖြစ် ကျွန်တော့်ရဲ့ရင်ထဲမှာ အမြဲရှိနေမှာပါ။

“ဤသို့ချစ်ရပါသော မကြည်ပြာရယ်” လို့ တခါလောက်တော့ ထပ်ပြောပါဦးတော့လား ကိုရဲဝင်းရယ် . . ။

4 comments:

Orange Chit Thu said...

Ah ko...
This time, my mood is same as you...
When the time I read "Ma Kyi Pyar of Ne Ko Ye"...my feeling is not good and don't wanna laugh...but I still want to read it...I can feel how will he feel...How will Ma Kyi Pyar feeling after he died, wanna know...

Zin Ko Latt said...

yeah . . . I like to read his book. . .

ကိုထွေး said...

ကျွန်တော်လည်းအဝေးရောက်မြန်မာ လူငယ်တစ်ယောက်ပါ...နီကိုရဲ တာရာမင်းဝေ အကြည်တော် မင်းခိုက်စိုးစံ တို့ဟာကျွန်တော်အရမ်းရူးသွပ်တဲ့ စာရေးဆရာတွေပါ....နီကိုရဲနဲ့ တာရာမင်းဝေ ကတော့လောကကြီးကို စွန့်သွားကြပါပြီ....

Zhenhong Bao said...

hollister clothing
nike tn pas cher
coach outlet online
polo ralph lauren
air max 90
beats by dr dre
pandora jewelry
bottega veneta outlet online
air force 1 shoes
calvin klein underwear
coach outlet store
louis vuitton neverfull sale
tiffany outlet
celine outlet online
oakley sunglasses
fitflops uk
mont blanc pens
toms shoes
michael kors uk
michael kors outlet sale
nike air force 1
michael kors outlet
ray ban sunglasses
nike air max 90
tory burch outlet online
pandora outlet
longchamp pliage
montblanc pens
ferragamo shoes
louboutin pas cher
michael kors outlet online
jordan shoes 2015
ralph lauren outlet
michael kors outlet
nba jerseys
20160608zhenhong