Monday, October 28, 2013

ကျွန်မ မာလာလာပါ

ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၈ မှ ဆရာဖိုးဇော်၏ ဆောင်းပါး ...

ကျွန်မ မာလာလာပါ

       ရှပ်အကျီ အရောင်ဖျော့တော့တော့ကို ၀တ်ဆင်ထားတဲ့ မုတ်ဆိတ်ရှည်နဲ့ လူရွယ် တစ်ယောက်ဟာ လမ်းပေါ် တက်လာပြီး ကျောင်းသူလေးတွေ တင်ဆောင်လာတဲ့ ဒိုင်နာ အမျိုးအစား ကျောင်းကားကို လက်ပြတားပြီး ရပ်ခိုင်း လိုက်တယ်။ ကားဘေးမှာ ရေးကပ်ထားတဲ့ စာကို မတွေ့သယောင် ဒါခူးရှားကျောင်းကားလားလို့ ကားမောင်း သူကို မေးတယ်။ ပြီးတော့ ကလေးတွေရဲ့ အချက်အလက် အချို့ လိုချင်လို့လို့ ဆက်ပြောတယ်။ ကားမောင်းသူ အူစမန်က ဒါဆို ခင်ဗျား ကျောင်းရုံးခန်းကို သွားသင့်တယ်လို့ ပြန်ဖြေလိုက်တယ်။ အဲဒီလို သူက အရှေ့မှာ မေးမြန်းနေစဉ် နောက် အမျိုးသား တစ်ယောက်က ဒိုင်နာကားရဲ့ နောက်ဘက်ကို ရောက်လာတယ်။
“မာလာလာ ဘယ်သူလဲ”

        မိုနီဘာက ကျွန်မကို ဟေ့ နင့်ကို အင်တာဗျူးဖို့ သတင်းထောက်နဲ့ တူတယ်လို့ လှမ်းပြောတယ်။ မိန်းကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် ကျွန်မ စပြီး စည်းရုံး လှုပ်ရှားမှုတွေ ပြုလုပ်ကတည်းက သတင်းထောက် အတော်များများ ကျွန်မဆီ လာပါတယ်။ ဒါပေမဲ့ အခုလို လမ်းပေါ်မှာ ကားရပ်ခိုင်းတာတော့ မကြုံဖူးသေးပါဘူး။အဲဒီလူဟာ ဖျားနာနေတဲ့ လူတစ်ယောက်လို သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းကို လက်ကိုင်ပ၀ါနဲ့ ဖုံးအုပ်ထားတယ်။ကျွန်မတို့ ဒိုင်နာကားနောက်ထဲ သူ့ရဲ့ ကိုယ်ကိုတိုးဝင်လာပြီး မာလာလာ ဘယ်သူလဲလို့ မေးတယ်။

       ဘယ်သူမှတော့ ပြန်မဖြေပေမယ့် အကုန်လုံးက ကျွန်မဆီကို လှမ်းကြည့်နေတယ်။ သူဟာ အနက်ရောင် ပစ္စတိုကို ထုတ်လိုက်တဲ့အချိန်မှာ ကျောင်းသူတွေ အကုန်လုံး ကြောက်လန့်တကြား အော်ဟစ်ကြတယ်။ မိုနီဘာရဲ့ လက်ကို ကျွန်မ ခပ်တင်းတင်း ဆုပ်ကိုင်ထားမိတယ်။သူငယ်ချင်းတွေက အဲဒီလူ သေနတ်နဲ့ သုံးချက်ပစ်တယ်လို့ ပြောတယ်။ ပထမဆုံး ကျည်ဆန်ဟာ ကျွန်မရဲ့ ဘယ်ဘက် မျက်လုံးခွံကနေဖြတ်ပြီး ကျွန်မ ဘယ်ဘက်ပခုံးအောက် ကနေ ပေါက်ထွက်သွားတယ်။ ကျွန်မ မိုနီဘာရဲ့ အပေါ် ခေါင်းနဲ့ ထိုးကျသွားတယ်။ နောက်ကျည်ဆန်နှစ်ခုက ကျွန်မဘေးနားက ကျောင်းသူလေးတွေကိုလည်း ထိမှန် သွားတယ်။ သူငယ်ချင်းတွေဆီက နောက်မှ သိရတာက အဲဒီလူ ကျွန်မတို့ကို သေနတ်နဲ့ ပစ်တဲ့ လက်ဟာ တဆတ်ဆတ် တုန်လို့နေတယ်တဲ့။ ဆေးရုံကိုရောက်တော့ ကျွန်မရဲ့ ဆံပင်အရှည်နဲ့ မိုနီဘာရဲ့ ပေါင်ဟာ သွေးတွေနဲ့ နီရဲထွေးလို့တဲ့။

       ကျွန်မရဲ့ နာမည် မာလာလာဟာ အာဖဂန်နစ္စတန်ရဲ့ ကြီးမြတ်တဲ့ သူရဲကောင်းအမျိုးသမီး မာလာလိုင်ရဲ့ နာမည်ကို ယူပြီး မှည့်ထားတာ ဖြစ်တယ်။ မာလာလိုင်ဟာ အင်္ဂလိပ် နယ်ချဲ့တွေနဲ့ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ အာဖဂန်စစ်သားတွေကို ဆေးပေးရေတိုက် စောင့်ရှောက်ပေးနေရင်းက အလံကိုင် စစ်သားကျသွားတဲ့အခါ သူမရဲ့ ပ၀ါအဖြူကို ကိုင်ဆောင် လွှင့်ယမ်းပြီး အာဖဂန်စစ်သားတွေ ရှေ့ကနေ တိုက်ပွဲကို ဦးဆောင် လှုံ့ဆော်ခဲ့တဲ့ ဇာနည်သူရဲကောင်းမ ဖြစ်တယ်။ ကျွန်မ အဖေဟာ သူမအကြောင်းကို အိမ်မှာ အမြဲတမ်း ပြောပြလေ့ရှိတယ်။ ကျွန်မ မွေးဖွားကြီးပြင်းတဲ့ အရပ်ဟာ ကမ္ဘာပေါ်မှာ အလှဆုံးဒေသတစ်ခု ဖြစ်တယ်။ ဆွက်တ် ဒေသဟာ အလှဆုံး အကြီးမြတ်ဆုံး တောင်ကုန်းတွေ အကြားမှာ ရှိတယ်။ တသွင်သွင် စီးကျ ပန်းထွက်နေတဲ့ ရေတံခွန်တွေ၊ ကြည်လင်အေးမြတဲ့ ရေကန်တွေ ရှိတဲ့ တောင်ကြားဒေသရဲ့ အ၀င်ဝမှာ သုခဘုံသို့ ကြိုဆိုပါ၏လို့ ရေးထားတယ်။ ရှေးတုန်းက ဆွက်တ်ကို ပန်းဥယျာဉ်လို့ အဓိပ်္ပာယ်သက်ရောက်တဲ့ ဥဒရာနလို့ ခေါ်ဆိုကြတယ်။ ပါကစ်္စတန်ရဲ့ ပထမဦးဆုံး နှင်းလျှောစီး အပန်းဖြေစခန်း ရှိလို့ အရှေ့တိုင်းရဲ့ ဆွစ်ဇာလန်လို့လည်း တင်စားကြတယ်။

ကျောင်းသူလေးတွေ ငြိမ်းချမ်းစွာ စာသင်ပါစေ

       ကျွန်မတို့ရဲ့ သည်တောင်ကြားဒေသလေးမှာ အိမ်အတော် များများ တီဗီ မရှိတာရယ်၊ လူအတော်များများ စာမဖတ်တတ်တာတို့ကြောင့် သတင်း အဆက်အသွယ် မပြတ်ဖို့ ရေဒီယိုကိုပဲ အားကိုးရတယ်။ ရေဒီယို အစီအစဉ်တစ်ခုဟာ လူတွေအကြားမှာ ရေပန်းစားလာတယ်။ အဲဒီ အစီအစဉ်ကတော့ ဖာဇ်လူလာ ထုတ်လွှင့်တဲ့ ရေဒီယိုမူလာလို့ ခေါ်တဲ့ အစီအစဉ်ဖြစ်တယ်။ ညတိုင်း ၈ နာရီကနေ ၁၀ နာရီကြားနဲ့ နံနက် ၇ နာရီမှ ၉ နာရီကြား လာတယ်။ ဖာဇ်လူလာက သူ့ကိုယ်သူ အစ္စလာမ် ပြုပြင်ပြောင်းလဲရေးသမား၊ ကိုရန် ကျမ်းစာရဲ့ အဓိပ်္ပာယ် အနှစ်သာရတွေကို ဖွင့်ဆိုရှင်းပြနိုင်သူ တစ်ယောက်အနေနဲ့ လူထုကို မိတ်ဆက်တယ်။ လူတွေ ကောင်းမွန်တဲ့ အကျင့်တွေကို ဘယ်လို မွေးမြူရမယ်၊ ဆိုးတဲ့ အကျင့်တွေကို ဘယ်လို ပစ်ပယ်ရမယ်၊ ဘုရား ၀တ်မပြုခင် ခန်္ဓာကိုယ်ကို ဘယ်လို သန့်စင်ဆေးကြောရမယ် စတာတွေကို နားထောင်ချင်စဖွယ် ဖြစ်အောင် ညင်သာ မျှတတဲ့ အသံနဲ့ ပြောကြားတယ်။ ဒါပေမဲ့ တစ်ခါတလေ မိုးကြိုးပစ်လျှပ်စီးလက်သလို ထစ်ချုန်းတဲ့ အသံနဲ့ လူတွေကို ခေတ်ပေါ် ဂီတ နားထောင်တာတွေ ရုပ်ရှင်ကြည့်တာတွေမြူးထူးကခုန်တာတွေ မလုပ်ကြဖို့နဲ့ အဲဒီလို အပြစ်ရှိတဲ့ အလုပ်တွေဟာ မြေငလျင်လှုပ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ သတိပေး ပြောကြားတယ်။ ကျွန်မရဲ့ အဖေက သူ့ကို အရူးတစ်ယောက်လို လျှောက်ပြောနေတယ်လို့ ဝေဖန် သလိုပဲ။ ကိုရန်ကျမ်းစာရဲ့ မူရင်းအာရပ်ဘာသာကို လူတွေ နားမလည်တာကို အခွင့်ကောင်းယူပြီး အဲဒီလို တားမြစ် ပိတ်ပင်တဲ့ အဓိပ်္ပာယ် အမှားတွေကိုလည်း သင်ကြား ထုတ်လွှင့်တယ်။ ခြောက်လအတွင်းမှာ တာလီဘန်တွေဟာ အိမ်တွေက တီဗီတွေ စီဒီတွေ ဒီဗီဒီတွေကို လိုက်လံ ကောက်ခံ သိမ်းယူပြီး လမ်းတွေပေါ်မှာ စုပုံ မီးရှို့တယ်။

      တစ်နေ့မှာ ထောင်ထဲ အချုပ်ခံနေရတဲ့ စစ်သွေးကြွ ခေါင်းဆောင် ဆူဖီမိုဟာမက်က ပညာရေးဟာ မိန်းကလေး တွေအတွက် မဟုတ်ဘူးလို့ ပြောကြားလိုက်ပြီးတဲ့နောက် ရေဒီယို မူလာရဲ့ အစီအစဉ်တွေဟာ ကျောင်းတွေဘက် လှည့်လာတယ်။ မိန်းကလေးတွေ ရှိတဲ့ ကျောင်းစီမံအုပ်ချုပ် သူတွေကို ပြစ်တင်ဝေဖန်ပြီး ကျောင်းက နုတ်ထွက်သွားတဲ့ ကျောင်းသူတွေကို ချီးမွမ်း ပြောကြားတယ်။ ဘာကြောင့် မိန်းကလေးတွေကို ကျောင်း မသွားစေချင်တာလဲလို့ အဖေ့ကို မေးကြည့်တော့ တာလီဘန်တွေဟာ လက်နက်ထက် စာရေးဘောပင်တွေကို ပိုကြောက်လို့ပေါ့ သမီးရယ်လို့ ဖြေတယ်။ ကျွန်မတို့ ကျောင်းက တချို့ ကျောင်းဆရာတွေက ကျောင်းသူတွေကို သင်ဖို့ ငြင်းဆိုလာတယ်။ အစ်ပြီးလို့ ကျောင်းပြန်ဖွင့်တဲ့နေ့မှာ အဖေ့ရဲ့ ကျောင်းဂိတ်ဝမှာ စာတစ်စောင်ကပ်ထားတာကို တွေ့ရတယ်။ အဲဒီစာမှာ ခင်ဗျားရဲ့ ကျောင်းဟာ အနောက်တိုင်းဆန်ပြီး ဘာသာရေးကို ဆန့်ကျင်နေတယ်။ မိန်းကလေးတွေကို စာသင်ကြားပေးပြီး ဘာသာရေးနဲ့ မသင့်လျော်တဲ့ ယူနီဖောင်းတွေ ၀တ်ဆင်နေကြတယ်။ ဒီအတိုင်း ဆက်လုပ်နေရင် ခင်ဗျား ဒုက္ခတွေ့လိမ့်မယ်။ အဲဒီကျရင် ခင်ဗျားရဲ့ ကျောင်းသူလေးတွေ ခင်ဗျားအတွက် ငိုကြလိမ့်မယ်။ အစ်္စလာမ်ဘာသာရေး စွန့်လွှတ်အနစ်နာခံသူများလို့ ခြိမ်းခြောက် ရေးသားထား တယ်။ အဖေ့ရဲ့ သူငယ်ချင်းက အဖေ့ကို နောက်မဆုတ်ဘဲရဲရဲရင့်ရင့် ကိုယ့်ယုံကြည်ချက်အတိုင်း ရင်ဆိုင်ဖို့ အားပေးတယ်။ ဒီကိစ်္စနဲ့ ပတ်သက်လို့ အဖေက ဒေသ သတင်းစာ တစ်စောင်ဖြစ်တဲ့ အဇာဒိနေ့စဉ်ကို စာရေးတယ်။ “အစ်္စလာမ် ဘာသာရေး စွန့်လွှတ် အနစ်နာခံသူများသို့ ခင်ဗျားတို့ လုပ်တဲ့ အလုပ်တွေဟာ အစ်္စလာမ်ဘာသာရဲ့ နည်းမှန် လမ်းမှန်တွေ မဟုတ်ပါ။ ကျွန်တော့်ရဲ့ ကလေးတွေကို ဘေးဒုက်္ခတွေမပေးပါနဲ့။ ခင်ဗျားတို့ ယုံကြည်ကိုးကွယ်တဲ့ ဘုရားသခင်ဟာ သူတို့လေးတွေ နေ့တိုင်း ရှိခိုးတဲ့ ဘုရားသခင်ပါပဲ။ လိုအပ်ရင် ကျွန်တော့်ရဲ့ အသက်ကို ယူနိုင်ပါတယ်။ ကျွန်တော့် ကျောင်းသူကျောင်းသားတွေကို ငြိမ်းငြိမ်းချမ်းချမ်း စာသင်ခွင့်ပေးပါ”

အပြောင်းအလဲ လိုချင်တဲ့ မိန်းကလေး

       ၂၀၀၇ အကုန်ပိုင်းလောက်မှာ အစိုးရစစ်တပ်တွေ ဆွက်တ် တောင်ကြားကို ရောက်ရှိလာတယ်။ တာလီဘန်တွေနဲ့ အစိုးရစစ်တပ်တွေကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ကြတယ်။ ဖာဇလူလာရဲ့ ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီး သူနဲ့ သူ့အဖွဲ့ဟာ အနီးအနားက တောတွေ တောင်တွေ ကြားထဲ တိမ်းရှောင် ဆုတ်ခွာသွားရတယ်။ ဒါပေမဲ့ အဖေက တာလီဘန်တွေရဲ့ ဆုတ်ခွာမှုဟာ ယာယီသာ ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၀၇ အကုန်မှာ အစိုးရစစ်တပ်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းလိုက်ပေမယ့် တာလီဘန်တွေကို ဒီဒေသကနေ အပြီးတိုင် မဖယ်ရှားနိုင်ခဲ့ပါ။ ဖာဇလူလာရဲ့ ရေဒီယို အစီအစဉ်ဟာ ဆက်လက် ထုတ်လွှင့်နေတုန်းပဲ ဖြစ်တယ်။ဖာဇလူလာက မိန်းကလေးတွေ ကျောင်းမသွားဘဲ အိမ်မှာ နေသင့်တယ်လို့ လွှင့်ဆိုပြီး သူ့ရဲ့ လူတွေဟာ ညဘက် ကာဖျူးထုတ်ထားတဲ့ အချိန်တွေမှာ ကျောင်းတွေကို ဖောက်ခွဲမှုတွေ စတင် လုပ်ဆောင်လာတယ်။ ရှဝါဇန်ဂေလို့ ခေါ်တဲ့ အစိုးရ မိန်းကလေးမူလတန်းကျောင်း ပထမဦးဆုံး ဖောက်ခွဲခံရတယ်။ အသေခံဗုံးခွဲပြီး အသတ်ခံရတဲ့ ရဲအရာရှိ ဂျာဗစ်ရဲ့ အသုဘမှာ တာလီဘန်တွေ ဗုံးဖောက်ခွဲလို့ သူ့ရဲ့ သားငယ် အပါအ၀င် အသုဘလိုက်ပို့သူ လူပေါင်း ၅၅ ယောက် သေဆုံးခဲ့ရတယ်။ အခုလို အကြမ်းဖက် ခံနေရတာတွေကို မကြောက်ဖူးလားလို့ အဖေ့ကို မေးတော့ “ညမိုးချုပ်တဲ့အခါ ကြောက်ရွံ့မှုတွေ ဖြစ်လာပေမယ့် နံနက်လင်းတဲ့အခါ သတ်္တိတွေကို ပြန်လည် ရှာတွေ့လိမ့်မယ် သမီး၊ ငါတို့တွေ ကြောက်လန့်မိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငါတို့ရဲ့ အကြောက်တရားဟာ ငါတို့ရဲ့ သတ်္တိထက် မကြီးမားစေရဘူး”လို့ ကျွန်မကို ပြန်ဖြေတယ်။ အဲဒီ နောက်ပိုင်းမှာ အဖေနဲ့ သူ့မိတ်ဆွေတွေဟာ ဘီဘီစီ ဗွီအိုအေ စတဲ့ ရေဒီယိုဌာနတွေရဲ့ အင်တာဗျူးတွေကို လက်ခံ ဖြေကြားတယ်။

       ဆွက်တ်က အဖြစ်အပျက်တွေဟာ အစ်္စလာမ်ဘာသာနဲ့ မကိုက်ညီဘူးလို့ ရှင်းပြကြတယ်။ ဆွက်တ်မှာ တာလီဘန်တွေ ဆက်ရှိနေတာဟာ အစိုးရစစ်တပ်အရာရှိတချို့ရဲ့ ပါဝင်မှု မရှိဘဲ မဖြစ်နိုင်ဘူး။ အစိုးရဟာ အစိုးရ မဟုတ်တဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေရန်ကနေ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ယုံကြည်အားထားလို့ မရဘူးလို့ ကျွန်မတို့ဒေသရဲ့ အခြေအနေတွေကို ရှင်းပြကြတယ်။

       လူထုရဲ့ အသံတိတ်ဆိတ်နေရင် အပြောင်းအလဲတွေ လည်း မဖြစ်ပေါ်လာနိုင်ပါ။ အဖေဟာ ကိုယ် ယုံကြည်ရာကို ရဲရဲရင့်ရင့် ပြောဆိုဖို့ အမြဲ အားပေးတယ်။ ကျွန်မတို့ ကျောင်းသူတချို့ဟာ ATV Khyber ခေါ်တဲ့ ပါရှ်တို တီဗီသတင်းဌာနကနေ မိန်းကလေးတွေ ကျောင်းတွေကနေ နုတ်ထွက်နေရတာတွေဟာ ဘာသာရေး အမည်ခံ စစ်သွေးကြွတွေရဲ့ ဖိအားပေးမှုကြောင့် ဆိုတာကို အင်တာဗျူး အစီအစဉ်ကနေ ရှင်းပြ ပြောဆိုကြတယ်။ ပါကစ်္စတန်ရဲ့ အကြီးဆုံး သတင်းဌာနဖြစ်တွဲ့နသ မှာလည်း ကျွန်မရဲ့ အင်တာဗျူးတွေ ပါလာတယ်။ မိဘတွေက ခွင့်မပြုတဲ့အတွက် မိန်းကလေးတွေ အတော်များများ မီဒီယာတွေနဲ့ အင်တာဗျူး မဖြေရဲကြပါဘူး။ ကျွန်မကတော့ အားပေးထောက်ခံတဲ့ အဖေရှိတဲ့အတွက် ဒီအလုပ်တွေကို လုပ်နိုင်ခဲ့တယ်။ လူငယ်တွေမှာ သူတို့နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို မေးမြန်း ပြောဆိုရဲရမယ်လို့ အဖေက ဆိုတယ်။ အင်တာဗျူးတွေ များများ ဖြေလေ ကျွန်မရဲ့ စိတ်ဓာတ်တွေ ပိုမို ခိုင်မာလာတယ်လို့ ခံစားရလေဖြစ်ပြီး ထောက်ခံမှုတွေလည်း ပိုရလာတယ်။ ကိုရန်ကျမ်းစာထဲက အဆိုတစ်ခုမှာ အမှားဆိုတာ ထွက်ခွာသွားရမှာဖြစ်ပြီး အမှန်တရားသာ ကျန်ရှိခဲ့ လိမ့်မယ်တဲ့။ ဖာဇလူလာ ဆိုတဲ့ လူတစ်ယောက်က အကုန်လုံးကို ဖျက်ဆီးနိုင်စွမ်းရှိရင် မိန်းကလေးတစ်ယောက် ကလည်း အပြောင်းအလဲကို ဘာကြောင့် မဖန်တီးနိုင်ရမှာလဲ။

တိုင်းပြည်ရဲ့ အနာဂတ်ကို တိုက်ခိုက်ခြင်း

       ၂၀၀၈ အောက်တိုဘာ ၇ ရက်နေ့ ညမှာ ဆန်ဂိုတာ မိန်းကလေးကျောင်းနဲ့ အိက်စယ်လ်ဆီယာ ကောလိပ် ကျောင်းတို့ ဗုံးခွဲ ဖျက်ဆီးခံရတယ်။ ၂၀၀၈ အကုန်ပိုင်းထိ ကျောင်းပေါင်း ၄၀၀ လောက် တာလီဘန်တွေ ဖျက်ဆီးခဲ့ တယ်။ ဖာဇလူလာရဲ့ လက်ထောက် မောင်လာနာရှားက ဇန်န၀ါရီ ၁၅ ရက် နောက်ဆုံးထားပြီး မိန်းကလေးကျောင်း တွေ အကုန် ပိတ်ရမယ်လို့ ရေဒီယိုကနေ ရာဇသံပေး ပြောကြားတယ်။ ကျွန်မရဲ့ အဖေ လူတွေကို ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ ဆွက်တ်ဒေသက လူထုနဲ့ ဆရာတွေဟာ သူတို့ရဲ့ ကလေးတွေကို နောက်ဆုံး စာသင်ခန်းတစ်ခန်း အထိ၊ နောက်ဆုံး ဆရာတစ်ယောက်အထိ၊ နောက်ဆုံး ကျောင်းသားတစ်ယောက် အထိ ပညာသင်ကြားပေး သွားမယ်ဆိုတဲ့ စကားပါ။ တာလီဘန်တွေ လာရောက် ပိတ်ပင်မှ ပညာရေးရဲ့ အရေးပါမှုကို ကျွန်မတို့ ပိုမို နားလည် လာတယ်။ ကျောင်းသွားတယ်၊ စာဖတ်တယ်၊ အိမ်စာ လုပ်တယ်ဆိုတာ လူငယ်ဘ၀ရဲ့ အလေ့အထ တစ်ခုထက် လူငယ်တွေရဲ့ အနာဂတ်ဖြစ်တယ် ဆိုတာကို နားလည် လာတယ်။ ကျောင်းတွေ ပြန်ဖွင့်လာနိုင်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ တာလီဘန်တွေ ကျွန်မတို့ရဲ့ စာအုပ်တွေ ဘောပင်တွေကို သိမ်းသွားနိုင်ပေမယ့် ကျွန်မ တို့ရဲ့ အတွေးအခေါ်တွေကိုတော့ တားဆီးနိုင်လိမ့်မယ်လို့ မထင်ပါ။

သူရဲကောင်းမလေး ဂူလ်မကိုင်ရဲ့ ဒိုင်ယာရီ

       တစ်နေ့ အဖေ့ဆီ သူ့ရဲ့ မိတ်ဆွေ ဘီဘီစီ ရေဒီယို သတင်းထောက် အက်ဘဒူဟိုင်ကကာက ဖုန်းဆက်လာပြီး ဆရာမတစ်ယောက် သို့မဟုတ် ကျောင်းသူတစ်ယောက် တာလီဘန်လက်အောက်က ဘ၀အကြောင်းကို ဒိုင်ယာရီ ရေးပေးဖို့ ရှာနေတယ်၊ လုပ်ပေးနိုင်တဲ့သူ ရှိလားလို့ မေးမြန်းလာတယ်။ အဲဒီအကြောင်း အဖေ ပြောနေတာ ကြားတော့ ကျွန်မလုပ်လို့ မရဘူးလားလို့ အဖေ့ကို ခွင့်တောင်းကြည့်မိတယ်။ အဖေက ကျွန်မ လုပ်ချင်တယ် ဆိုရင် ခွင့်ပြုပေမယ့် တကယ် နဖူးတွေ့ ဒူးတွေ့ စာရေးမယ် ဆိုတော့ ဘယ်လို စရမှန်း မသိလောက်အောင် ကျွန်မ အခက်အခဲတွေ အများကြီး တွေ့ရတယ်။ ဟိုင်ကကာက ကျွန်မဆီ ဖုန်းဆက်ပြီး ကျွန်မရဲ့ တစ်နေ့တာ အလုပ်တွေ၊ အသေးအမွှားလေးကအစ နိစ်္စဓူဝ ကြုံရတဲ့ အခက်အခဲတွေ၊ ကျွန်မရဲ့ စိတ်ကူးအိပ်မက်တွေကို မေးမြန်းပြီး ကျွန်မရဲ့ စကားတွေကို သူက ပြန်ရေးပေးတယ်။ ကျွန်မရဲ့ ဒိုင်ယာရီဟာ ဘီဘီစီ့ မိက ဘာသာ အင်တာနက် စာမျက်နှာမှာ အပတ်တိုင်း ပါလာတယ်။ ဟိုင်ကကာက ကျွန်မကို အန်းဖရန့်လို့ ခေါ်တဲ့ ၁၃ နှစ် သမီး ဂျူးမိန်းကလေး အကြောင်းကို ပြောပြတယ်။ သူမဟာ နာဇီတွေ ရန်က ပုန်းအောင်း တိမ်းရှောင်ရင်း ဒိုင်ယာရီ ရေးခဲ့တယ်။ သူမ မိသားစု အဖမ်းခံရပြီး နာဇီငရဲခန်းတွေမှာ သေဆုံးခဲ့ရတဲ့ သူမရဲ့ ဒိုင်ယာရီဟာ ကြီးမားအဖိုးတန်တဲ့ သမိုင်းမှတ်တမ်း တစ်ခု ဖြစ်လာတယ် ဆိုတာကို ပြောပြတယ်။ ကျွန်မကို ကာကွယ်တဲ့အနေနဲ့ ကျွန်မရဲ့ ဒိုင်ယာရီကို ကိုရန်ကျမ်းစာ အထောက်အထားနဲ့ စစ်ရဲ့ ဆိုးကျိုး၊ လူသားတွေရဲ့ မေတ်္တာ အကြောင်းကို ပြောကြားခဲ့တဲ့ ပါရှ်တွန် ရိုးရာပုံပြင်ထဲက ဂူလ်မကိုင်ဆိုတဲ့ သူရဲကောင်းမလေးရဲ့ နာမည်ကို သုံးစေခဲ့ တယ်။

       ဂူလ်မကိုင်ရဲ့ ဒိုင်ယာရီဟာ လူတွေရဲ့ စိတ်ဝင်စားမှု ရရှိလာပြီး တချို့ သတင်းစာတွေက ဒိုင်ယာရီထဲက စာပိုဒ်အချို့ကို ပုံနှိပ် ဖော်ပြလာကြတယ်။ ဘီဘီစီက ဒိုင်ယာရီကို မိန်းကလေးတစ်ဦးရဲ့ အသံနဲ့ ဖတ်ခိုင်းပြီး ရေဒီယို အစီအစဉ် တစ်ခုအနေနဲ့ ထုတ်လွှင့်ခဲ့တယ်။ ကလောင်သွားဟာ စက်သေနတ်တွေထက် အင်အား ပိုရှိတာကို ကျွန်မ နားလည်လာခဲ့တယ်။ နယူးရော့ခ်တိုင်းမ်က သတင်းမှတ်တမ်းရိုက်ကူးဖို့ အမေရိကန် ဗီဒီယို သတင်း ထောက် အဒမ်အယ်လစ်ရဲ့ ဆက်သွယ်လာမှုကိုလည်း လက်ခံခဲ့တယ်။ အစတော့ သူက အဖေ့ကို ကျောင်းနဲ့ ပတ်သက်လို့ မေးမြန်းဖို့ ဖြစ်ပေမယ့် ကျွန်မနဲ့ တွေ့ဆုံ ပြောဆိုပြီးနောက် ကျောင်းသူလေးတွေရဲ့ အကြောင်းကိုပါ ကျွန်မကို ကိုယ်စားပြုပြီး ထည့်သွင်း ရိုက်ကူးခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့ ကျွန်မဟာ ရေဒီယိုတွေ တီဗီ သတင်းဌာနတွေ အတော်များများရဲ့ အစီအစဉ်တွေမှာ ပါဝင်ခဲ့တယ်။ ကျွန်မတို့ရဲ့ အခွင့်အရေးတွေအတွက် အများ သိအောင် ပြောဆို ရေးသား တိုက်ပွဲဝင်ရင်းက ကျွန်မတို့ရဲ့ အင်အားတွေကိုလည်း သိရှိလာခဲ့ရတယ်။ အမေကတော့ စိုးရိမ်စိတ်နဲ့ အင်တာဗျူးပြောတဲ့အခါ ကျွန်မရဲ့ မျက်နှာကို ကာထားဖို့ ပြောတယ်။ ဒါပေမဲ့ လူတွေက မာလာလာဟာ ကလေးပဲ ဖြစ်တဲ့အတွက် တာလီဘန်တွေ အန္တရာယ် ပြုချင်ရင်တောင် အဖေ့ကိုပဲ ရန်ရှာလိမ့်မယ်လို့ အမေ့ကို နှစ်သိမ့် ပြောဆိုကြတယ်။

ခေါင်းလောင်းလေးတွေ မြည်လာပြီ

       အစိုးရနဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေး အစီအစဉ် ပျက်ပြားပြီးနောက် ၂၀၀၉ ခုနှစ် မေ အစပိုင်းမှာ ကျွန်မတို့ ဒေသတစ်ဝိုက်မှာ ရဟတ်ယာဉ် အသံတွေ သေနတ်သံတွေ ပြန်လည် ဆူညံလာတယ်။မကြာမီမှာ ကျွန်မတို့ မိသားစုလည်း စစ်ပြေးဒုက်္ခသည်တွေ အဖြစ်နဲ့ ကျွန်မတို့ ချစ်တဲ့ မြေကို ခေတ္တ ခွဲခွာခဲ့ရတယ်။ဇူလိုင်လမှာတော့ ၀န်ကြီးချုပ်က တာလီဘန်တွေကို ဆွက်တ်ကနေ အပြီးတိုင် ဖယ်ရှားလိုက်နိုင်ပြီလို့ ကြေညာ တယ်။ ဂက်စ်တွေ ပြန်လည် ရရှိနေပြီး ဘဏ်တွေလည်း ပြန်ဖွင့်နေပြီလို့ ကြေညာတယ်။ အစပိုင်းမှာတော့ လူအတော်များများက အစိုးရရဲ့ ကြေညာချက်တွေကို ယုံကြည်မှု သိပ်မရှိဘဲ ပြန်ဖို့ တွန့်ဆုတ်နေကြဆဲဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့တော့ စစ်ပြေးရှောင်သူတွေ ပြန်လည် ရောက်ရှိလာကြတယ်။ ဆွက်တ်လို လှပတဲ့ ဒေသကို ဘယ်သူတွေက အကြာကြီး ခွဲပြီး နေနိုင်ကြမှာလဲ။ သြဂုတ် တစ်ရက်နေ့မှာ ကျွန်မတို့ရဲ့ ကျောင်းခေါင်းလောင်းသံလေး တွေ ပြန်မြည်လာတယ်။ ကျောင်းအဆောက်အအုံတွေကို တာလီဘန်တွေ ဖျက်ဆီးသွားလို့ ရွက်ဖျင်တဲတွေ ထိုးပြီး ယာယီ စာသင်ခန်းတွေ ပြုလုပ်ကြရတယ်။ ဘီဘီစီက ဒိုင်ယာရီကို ကျွန်မ ရေးတယ်ဆိုတာ အတော်များများ သိနေပုံရတယ်။ တချို့ဆီကတော့ သူ့အဖေ ရေးပေးတာ ထင်တယ်ဆိုတဲ့ သဘောမျိုး ကြားရတယ်။ ကျွန်မတို့ ကျောင်းအုပ် မာရမ်က ကျောင်းသူကျောင်းသားတွေကို မာလာလာကတော့ စကားပြောကောင်းရုံတင်မကဘူး၊ စာရေးဆရာကောင်းတစ်ယောက်ပါ ဖြစ်နေပြီလို့ ပြောပြ တာကိုတော့ ကျွန်မစိတ်ထဲ ကျေနပ်နေမိတယ်။

သမီးရဲ့ မျက်တောင်နဲ့ ကမ္ဘာကြီးကို မလဲနိုင်ပါ

       ၂၀၁၁ အောက်တိုဘာမှာ ကျွန်မကို အမ်စတာဒမ် အခြေစိုက်အဖွဲ့က ပေးတဲ့ ကလေးများ အခွင့်အရေးအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဆုအတွက် လျာထားခြင်း ခံရတယ်လို့ အဖေ့ဆီကို အီးမေးလ် ရောက်လာတယ်။ကျွန်မကို အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကိုယ်တိုင် လျာထားခဲ့တာလို့ သိရတယ်။ ကျွန်မ ဆုမရခဲ့ တော့ စိတ်ပျက်နေတဲ့ အဖေ့ကို ကျွန်မ လုပ်တာက စကားပြောတာ စာရေးတာပဲ ရှိသေးတယ်။ ဆုရသွားတဲ့ သူတွေလို တကယ့်အလုပ် ဘာမှ မလုပ်ရသေးဘူးလို့ ကျွန်မက နှစ်သိမ့်ရတယ်။ တစ်နေ့ ကျောင်းမှာ သူငယ်ချင်း တွေက မာလာလာရေ နင့်ကို ထိပ်တန်းဆုနဲ့ ဆုငွေတွေ အများကြီး ချီးမြှင့်လိုက်တယ်လို့ ၀မ်းပန်းတသာ လာပြော ကြတယ်။ ကျွန်မကို ပါကစ်္စတန်ရဲ့ ပထမဦးဆုံး အမျိုးသား ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ကြတယ် ဆိုတာကို ကိုယ့် ကိုယ်ကိုယ်တောင် မယုံနိုင်အောင် ဖြစ်ရတယ်။ ဆုပေးအပ် ပွဲကို ၀န်ကြီးချုပ်အိမ်ရာမှာ ကျင်းပတာဖြစ်ပြီး ၀န်ကြီးချုပ်က ကျွန်မကို ဆုပေးအပ်တော့ ကျွန်မကလည်း သူ့ကို ကျွန်မတို့ရဲ့ လိုလားချက်တွေကို ပြန်လည် ပေးအပ်လိုက်တယ်။ ကျွန်မတို့ ကျောင်းတွေ ပြန်လည် ထူထောင် ဆောက်လုပ်ပေးဖို့ရယ်၊ ဆွက်တ်မှာ အမျိုးသမီးတက်္ကသိုလ် ဖွင့်ပေးဖို့ရယ်တို့ကို လိုလားချက်တွေထဲမှာ အဓိက တောင်းဆိုထားတယ်။ကျွန်မရဲ့ တောင်းဆိုချက်တွေကို သူ အလေးထားပြီး မလုပ်ပေးလည်း ကိစ်္စ မရှိပါဘူး။ တစ်နေ့မှာ ကျွန်မ နိုင်ငံရေးသမားလုပ်ပြီး ကိုယ် လိုချင် ဖြစ်ချင်တာတွေကို ကိုယ်တိုင် လုပ်ဆောင်မယ်လို့ ရည်မှန်း ဆုံးဖြတ်ထားပြီးပါပြီ။ ဒီငြိမ်းချမ်းရေးဆုကို နှစ်စဉ် ၁၈ နှစ်အောက် ကလေးတွေကို မာလာလာဆုဆိုပြီး ပေးမယ်လို့ သိရတယ်။ အဖေကတော့ အသက်ထင်ရှား ရှိသေးသူရဲ့ နာမည်နဲ့ ဆုပေးတာကို သိပ်သဘောမကျဘူး။ အမေကတော့ ကျွန်မ ကျော်ကြား လာတာတွေ ဆုရတာတွေဟာ ကျွန်မအတွက် အ်္တရာယ် ဖြစ်လာမှာ အင်မတန် စိုးရိမ်နေရှာတယ်။ အမေဟာ ကျွန်မလုပ်တဲ့ အလုပ်တွေအတွက် ဘယ်တော့မှ နောင်တ မရခဲ့ပါဘူး။ ဒါပေမဲ့ ဆုတွေ ချီးမြှင့်ခံရတဲ့အခါမှာ ကျွန်မ သမီးလေးအတွက် ဆုတွေ မလိုချင်ပါဘူး။ ကျွန်မ သမီးကိုပဲ ကျွန်မ လိုချင်တယ်။ ကျွန်မသမီးလေးရဲ့ မျက်တောင်တစ်ခု ကိုတောင် ကမ္ဘာကြီးနဲ့ မလဲနိုင်ပါဘူးလို့ ၀မ်းပန်းတနည်း ပြောရှာတယ်။

       အမေ့ရဲ့ စိုးရိမ်မှုတွေကို ပိုတယ်လို့တော့ ပြောလို့ မရပါဘူး။ အင်တာနက်ပေါ်မှာ တာလီဘန်တွေက ကျွန်မကို ရန်ပြုဖို့ ခြိမ်းခြောက် ကြေညာထားတယ်လို့ ကြားရတယ်။ ကျွန်မကတော့ သိပ်မပူပါဘူး။ လူတိုင်း တစ်နေ့တော့ သေရမှာပဲ။ ကင်ဆာရောဂါကြောင့်ပဲဖြစ်ဖြစ် တာလီဘန် ကြောင့်ပဲဖြစ်ဖြစ်ပေါ့။ ဒါကြောင့် ကျွန်မလုပ်စရာရှိတာတွေကို ဆက်လုပ်ရမှာပဲ။ အဖေကတော့ ခဏ လှုပ်ရှားမှုတွေ မလုပ်ဘဲ ငြိမ်နေမလားလို့ အကြံပေး တိုင်ပင်တယ်။ အဲဒါတော့ မဖြစ်နိုင်ဘူး။ အဖေကိုယ်တိုင်ပဲ ကိုယ့်ရဲ့ ယုံကြည်ချက် မှန်ကန်ရင် ကိုယ့်အသက်ထက်တောင် တန်ဖိုးရှိတယ်လို့ ပြောခဲ့တာ။ အခုအချိန်မှာတော့ ကျွန်မရဲ့ လှုပ်ရှားမှုကို မစွန့်ပစ်ခဲ့နိုင်ဘူး။ အမေဟာ စိုးရိမ်လွန်းလို့ ကျွန်မကို ဘယ်ကိုမှ လမ်းလျှောက်မသွားစေတော့ဘူး။ငါးမိနစ်ခရီးကိုတောင် လန်ချားဖြစ်ဖြစ် ဘတ်စကားဖြစ်ဖြစ် စီးခိုင်းတယ်။ အမေ့ရဲ့ စိုးရိမ်မှုတွေ တကယ် ဖြစ်လာတဲ့ အဲဒီနေ့က အမျိုးသားနှစ်ယောက် လမ်းပေါ် တက်လာပြီး ကျွန်မတို့ကို ကျောင်းကြိုပို့တဲ့ ဒိုင်နာကားကို ရုတ်တရက် ရပ်စေခဲ့တယ်။ သူတို့ မာလာလာ ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မ ဖြေခွင့် မရခဲ့ပါဘူး။ ကျွန်မကိုသာ သူတို့ စကားပြောခွင့်ပေးခဲ့ရင် သူတို့ရဲ့ သမီးတွေ ညီမတွေ အပါအ၀င် ကျွန်မတို့ မိန်းကလေးတွေ ဘာကြောင့် ကျောင်းသွားသင့်တယ် ဆိုတာကို သူတို့နှစ်ယောက်ကိုကျွန်မပာဆိုရှင်းပြချင်တယ်။ ကျောင်းကားပေါ်မှာ နောက်တစ်နေ့ အပြီးလုပ်ရမယ့်
 လေ့ကျင့်ခန်းအကြောင်းကို တွေးနေမိတာကိုပဲ ကျွန်မ နောက်ဆုံး သတိရမိတော့တယ်။

ဒုတိယ ဘဝ

       ကျွန်မ တာလီဘန်တွေရဲ့ သေနတ်နဲ့ လုပ်ကြံမှုကိုခံရပြီး တစ်ပတ်အကြာ အောက်တိုဘာ ၁၆ ရက်မှာ ကျွန်မ နိုးလာတယ်။ ကျွန်မအိမ်နဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ ဘာမင်ဟန် အက်လီဇဘက်ဘုရင်မဆေးရုံမှာ ရောက်နေပြီး ကျွန်မကို အသက်ရှူဖို့ အကူအညီပေးအောင် လည်ပင်းထဲမှာ ပြွန်ချောင်းတွေ တပ်ဆင်ထားတယ်။ ကျွန်မ စကား ပြောလို့လည်း မရပါ။ ပထမဦးဆုံး တွေးမိတာကတော့ ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် ကျွန်မ အသက်ရှင်နေသေး တယ် ဆိုတာကိုပဲ။

       ပြီးတော့ ကျွန်မ ဘယ်ကို ရောက်နေတာလဲ။ ဘယ်သူက ကျွန်မကို ဒီကို ခေါ်လာတာလဲ။ ကျွန်မ မိဘတွေ ဘယ်မှာလဲ။ အဖေရော အသက်ရှိသေးရဲ့လား ဆိုတဲ့ မေးခွန်းတွေ ကျွန်မခေါင်းထဲကို တရစပ် ၀င်လာတယ်။ ကျွန်မ စာရေးဖို့ စာအုပ်နဲ့ ဘောပင်ရတော့ ကျွန်မ အဖေ ဘယ်မှာလဲနဲ့ ကျွန်မ အဖေမှာ ဒီဆေးကုသမှုတွေကို ပေးဖို့ ပိုက်ဆံမရှိဘူးဆိုတာကို ရေးလိုက်တယ်။ ဒေါက်တာဖီရိုနာက ကျွန်မအဖေ ဘာမှ မဖြစ်ကြောင်းနဲ့ ဆေးကုသမှု ကုန်ကျ စရိတ်အတွက် ပူစရာမလိုကြောင်း ပြောတယ်။ ကျွန်မ အသံပြန်ထွက်လာတဲ့ နေ့မှာပဲ ဒေါက်တာဂျေးဗစ်ဖုန်းကနေ ကျွန်မရဲ့ မိဘတွေကို စကားပြောခွင့်ရခဲ့တယ်။ ကျွန်မရဲ့ အသံက တစ်မျိုးကြီး ဖြစ်နေတယ်။ ခေါင်းလည်း ကိုက်နေတယ်လို့ အဖေ့ကို ပြောပြတယ်။ အဖေက အသံ ကတော့ တဖြည်းဖြည်း ကောင်းလာမှာပါ။ ခေါင်းကိုက်တာ တဖြည်းဖြည်း များလာသလား၊ လျော့သွားသလားလို့ စိုးရိမ်တကြီး မေးတယ်။ ကျွန်မ သူတို့ကို အရမ်း မစိုးရိမ်စေချင်တာနဲ့ ကျွန်မ အခြေအနေ ကောင်းပါတယ်။ ဘယ်တော့ လာကြမှာလဲလို့ မေးလိုက်တယ်။ သူတို့လည်း လာဖို့ကို တာဝန်ရှိသူတွေ လုပ်နေတာ စောင့်ဆိုင်းနေတယ် လို့ ဆိုတယ်။ နောက်နေ့တွေမှာ ကျွန်မ မိသားစု လိုက်လာ တော့မယ်လို့ ကြားရတော့ ကျွန်မရဲ့ ကျောင်းလွယ်အိတ် ယူလာပေးဖို့နဲ့ အိမ်ကို မသွားနိုင်တော့ရင် မတ်လမှာ ဖြေဖို့ စာမေးပွဲအတွက် ဖတ်စာအုပ်တွေ ၀ယ်လာပေးခဲ့ဖို့ မှာလိုက်တယ်။ ကျွန်မ အမြဲတမ်း အတန်းထဲမှာ ပထမပဲ လိုချင်ခဲ့တာဆိုတော့ နေမကောင်းပေမယ့် ရသလောက် စာဖတ်ရမယ်လို့ စိတ်တင်းကြည့်မိတယ်။

တာလီဘန်ကြောင့် ကမ္ဘာကျော်ရပြီ

      မကြာခင်မှာပဲ ကမ္ဘာတစ်ဝန်းက သတင်းထောက်တွေ၊ အစိုးရဌာန၀န်ကြီးတွေ၊ သံတမန်တွေ၊ နိုင်ငံရေးသမားတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ တမန်တော်တွေတောင် ကျွန်မ တက်တဲ့ ဆေးရုံကိုလာပြီး ပန်းခြင်းတွေ ဆုတောင်းကတ်တွေ ချစ်စရာ အမွေးပွရုပ်ကလေးတွေ ချောကလက်ဘူးတွေ ပေးကြတယ်။ ကျွန်မ နေကောင်းဖို့ ဆုတောင်းပေးတဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ကတ်ပေါင်း ရှစ်ထောင်လောက်အထိ ရခဲ့တယ်။ အဲဒီလို များပြားတဲ့ လက်ဆောင်တွေထဲက ကျွန်မ တန်ဖိုး အထားဆုံးကတော့ ဘင်နီဇာဘူတိုရဲ့ ကလေးတွေက ပေးတဲ့ သူမရဲ့ ပ၀ါနှစ်ခုပဲ ဖြစ်တယ်။ ကျွန်မ အဲဒီပ၀ါတွေကို ရရချင်း ကျွန်မရဲ့ မျက်နှာကို နှစ်မြှုပ် ထားလိုက်ပြီး ရဲရင့်ကြီးမြတ်တဲ့ သူမရဲ့ ကိုယ်နံ့ကို ရှူရှိုက်ဖို့ ကြိုးစားမိတယ်။ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်းက ကျွန်မ မာလာလာဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂၀၁၅ မှာ ပညာသင်ခွင့်မရတဲ့ ကလေး မရှိစေရဆိုတဲ့ တောင်းဆိုချက်နဲ့ စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင်တယ်။ ပေါ့ပ် အဆိုကျော် ဘီယောင်စေးက ကျွန်မအတွက် ဆုတောင်းကတ် ပို့ပေးပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ ကျွန်မပုံကို တင်ထားတယ်။ မက်ဒေါနားက ကျွန်မအတွက် ရည်စူးပြီး သီချင်းတစ်ပုဒ် စပ်ဆိုတယ်။ ကျွန်မ အကြိုက်ဆုံးမင်းသမီး အန်ဂျယ်လီနာ ဂျိုလီက ကျွန်မဆီကို ဆုတောင်းစကား ပေးပို့တယ်။တာလီဘန်တွေ ကျွန်မကို ပစ်သတ်ဖို့ ကြိုးစားခဲ့တာဟာ ကျွန်မရဲ့ လှုပ်ရှားမှုကို ကမ္ဘာသိအောင် သူတို့ လုပ်ပေးခဲ့တာ ပဲလားလို့ ကျွန်မ တွေးမိတယ်။

 ကျောင်းသားတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်း

       ကျွန်မ ဆေးရုံက ဆင်းလို့ နေပြန်ကောင်းလာပြီးနောက် ကျွန်မရဲ့ ဘ၀နဲ့ ကျွန်မရဲ့ ကမ္ဘာကြီးဟာ လုံးဝ ပြောင်းလဲ သွားတယ်။ ကျွန်မတို့ ငှားနေထိုင်တဲ့ တိုက်ခန်းက စင်တွေပေါ်မှာ အမေရိက၊ အိန်္ဒိယ၊ ပြင်သစ်၊ စပိန်၊ အီတလီနဲ့ နိုင်ငံပေါင်းများစွာက ဆုတံဆိပ်တွေနဲ့ ပြည့်လို့နေတယ်။ကျွန်မကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက်ပါ လျာထားခြင်း ခံခဲ့ရတယ်။ သမိုင်းမှာ အသက် အငယ်ဆုံး နိုဘယ်လ် ငြိမ်းချမ်းရေးဆု အလောင်းအလျာ ဖြစ်ခဲ့ရတယ်။ ကျွန်မ အရင်တုန်းက ကျောင်းမှာ ရခဲ့တဲ့ ဆုတံဆိပ်တွေကတော့ ကျွန်မ ကြိုးစားအားထုတ်လို့ ရရှိခဲ့တဲ့အတွက် ပျော်ရွှင်ခဲ့ ရပေမယ့် အခု ရတဲ့ဆုတွေအတွက်တော့ ကျွန်မ ပေးအပ်တဲ့ သူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ဒီဆုတွေ ဟာ ကလေးငယ်တွေ အားလုံး ပညာရေးရရှိဖို့ အလုပ်တွေ အများကြီး ဆက်လုပ်ရဦးမယ်ဆိုတာကို သတိပေးနေတယ်။ တာလီဘန်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ မိန်းကလေး တစ်ယောက် ဆိုတာထက် ပညာရေးအတွက် တိုက်ပွဲ ၀င်နေတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ကျွန်မကို မြင်စေ့ချင်တယ်။ ကျွန်မ အသက်ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့မှာ နယူးရော့ခ်က ကမ္ဘာ့ကုလသမဂ္ဂမှာ မိန့်ခွန်းပြောဖို့ အခွင့်အရေးထူးကို ရခဲ့တယ်။ အဲဒီနေ့က ကုလသမဂ္ဂ အခမ်းအနားမှာ ကျွန်မ ကြိုက်နှစ်သက်တဲ့ ပန်းရောင်ဝတ်စုံပေါ်မှာ ဘင်နီဇာဘူတိုရဲ့ ပ၀ါဖြူလေးကို သိုင်းခြုံ ထားလိုက်တယ်။ “ကျွန်မတို့ရဲ့ စာအုပ်တွေ ဘောပင်တွေကို ကောက်ယူကြပါစို့၊ စာအုပ်တွေ ဘောပင်တွေဟာ ကျွန်မတို့ အတွက် အင်အားအကြီးဆုံး လက်နက်တွေပဲ။ ကလေး တစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်” လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျွန်မ ပြောကြား ခဲ့တယ်။ကလေးငယ်တွေ အားလုံး အခမဲ့ အခြေခံ ပညာရေးကို ရယူနိုင်ရေးအတွက် ကြိုးစားပေးကြပါလို့ တိုက်တွန်းခဲ့တယ်။ ကျွန်မရဲ့ မိန့်ခွန်းအပြီးမှာ လက်ခုပ်သံတွေနဲ့ အတူ အမေ ကတော့ မျက်ရည်လည်ရွဲ ဖြစ်နေတယ်။ အဖေကတော့ သမီးဟာ လူသား အားလုံးရဲ့ သမီးလေးဖြစ်သွားပြီလို့ ဂုဏ်ယူစွာနဲ့ ပြောလေတယ်။

ကျွန်မ မာလာလာပါ

       တချို့တွေက ကျွန်မကို ကျော်ကြားမှုနောက်လိုက်တဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အနေနဲ့ မြင်ကြတယ်။ နိုင်ငံခြားမှာ ပြည့်စုံ ချမ်းသာသွားရင် တိုင်းပြည်နဲ့ ပညာရေးအကြောင်းကို မေ့သွားလိမ့်မယ်လို့ ပြောကြတယ်။ ဘယ်တော့မှ ကတိမတည်တဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်က သူတွေ ကျွန်မအပေါ် ဒီလို မြင်တာကို အပြစ်မမြင်ဘဲ ကျွန်မ နားလည်နိုင်ပါတယ်။ ကျွန်မ သူတို့ကို သိစေချင်တာက ကျွန်မအတွက် ထောက်ခံမှု တွေကို ကျွန်မလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပညာရေးနဲ့ ငြိမ်းချမ်းရေးအတွက် အသုံးပြုချင်တာပါ။ ပညာရေးဟာ လူတိုင်း ရသင့်တဲ့ အခြေခံ အခွင့်အရေးပါ။ အနောက်တိုင်း မှာသာ မဟုတ် ကျွန်မတို့ရဲ့ အစ်္စလာမ်ဘာသာရေးမှာလည်း လူတိုင်း အသိပညာကို ရှာဖွေရမယ်လို့ သင်ကြားထားပါ တယ်။ ယနေ့ ကမ္ဘာတစ်ဝန်းမှာ ကလေး ၅၇ သန်းဟာ မူလတန်းကျောင်းကို မသွားနိုင်ပါ။ ကျွန်မတို့ နိုင်ငံမှာ စာမတတ်သူ သန်းငါးဆယ်ရှိပြီး အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ်။ ကျွန်မ အခုလို မြင့်မားတဲ့ အခြေအနေကို ရောက်လာဖို့ ဘုရားသခင်က ကူညီခဲ့သလို ကြီးမားတဲ့ တာဝန်တွေလည်း ကျွန်မကို ပေးအပ်ထားတယ်။ အိမ်တိုင်း၊ လမ်းတိုင်း၊ ရွာတိုင်းမှာ ငြိမ်းချမ်းနေစေချင်တာ ကျွန်မရဲ့ စိတ်ကူးအိပ်မက်ပါ။ လူတိုင်း အပြုံးကိုယ်စီနဲ့ မိသားစုတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ရှိနေစေချင်တာ ကျွန်မရဲ့ ဆန်္ဒပါ။ ကျွန်မရဲ့ ကမ္ဘာကတော့ ပြောင်းလဲသွားပေမယ့် ကျွန်မဟာ မာလာလာပါ ဆိုတာကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါ။

       မာလာလာရေ...မင်းလို အဖိနှိပ်ခံရသူတွေကိုယ်စား လွတ်မြောက်ရေးအတွက် ကြိုးစားသူတွေ နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရတော့ ငါတို့တွေ ၀မ်းသာဂုဏ်ယူစွာနဲ့ စောင့်မျှော် ဆုတောင်းပေးနေခဲ့ရတယ်။အဲဒီနေ့ ၂၀၁၃ အောက်တိုဘာ ၁၁ ရက်နေ့က မင်ဂိုရာ ဆွက်တ်တောင်ကြားဒေသက မင့်အတွက် ဆုတောင်း ပေးနေကြတဲ့ ကျောင်းသူတွေရဲ့ ရင်ခုန်သံကို (လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ကိုယ်တိုင် ကြုံခဲ့ရဖူးလို့)တစ်ထပ်တည်း ငါတို့ နားလည်နိုင်တယ်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မင်း မရခဲ့ပါဘူး။ တာလီဘန်တွေကတော့ ပျော်ရွှင်ကြောင်း ကြေညာချက်တွေ ဘာတွေ ထုတ်လို့။ အဖိနှိပ်ခံရသူတွေ ဒီဆုကို မရရင် ဖိနှိပ်သူ အာဏာရူးတွေ ပျော်ရွှင်ကြတာ ရိုးရာဓမ်္မတာပါ။ မင်းအတွက်ကတော့ ဆုရတာ မရတာက အရေးကြီးမှာ မဟုတ်ပါဘူး။ မင်း ယုံကြည်ချက်အတွက် အလုပ်တွေ မင်း ဆက်လုပ်နေဦးမှာပဲ။ မာလာလာ ဘယ်သူလဲလို့ မေးလာတဲ့ မေးခွန်းတွေကို ရဲရဲရင့်ရင့် မဆုတ်တမ်း မင်း ဖြေနေဦးမှာပဲ။ ကျွန်မဟာ အဖိနှိပ်ခံရမှုကို ကြိုးစားတွန်းလှန်နေတဲ့ လွတ်မြောက်သူ မာလာလာ၊ ပညာရေးဟာ လူတိုင်း ရသင့်တဲ့ လူ့အခွင့်အရေးလို့ ယုံကြည်တဲ့ မာလာလာ၊ ကျောင်းသားတစ်ယောက် ဆရာ တစ်ယောက် စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်လို့ဆိုတဲ့ မာလာလာ၊ ဘင်နီဇာဘူတိုရဲ့ မဆုံးသေးတဲ့ ခရီးကို ဆက်လျှောက်မယ့် မာလာလာ၊ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး မီးအိမ် ထွန်းလင်း စေချင်တဲ့ မာလာလာ၊ ယုံကြည်မှုကို အသက်ထက် ပိုတန်ဖိုးထားတဲ့ မာလာလာ၊ ကျွန်မ မာလာလာပါ...။

From the book, I Am Malala by Malala Yousafzai with Christina Lamb

ဖိုးဇော်

5 comments:

Win Zin Min Raja said...

http://wunzinminraja.blogspot.sg/

艾丰 said...

jianbin0406
christian louboutin shoes
cheap nfl jerseys
michael kors outlet
nike air max uk
air max 2015
michael kors handbags
lacoste polo shirts
valentino outlet
jordan shoes
beats by dre
nike huarache
lebron james shoes
michael kors outlet clearance
louis vuitton handbags
nfl jersey wholesale
lacoste pas cher
abercrombie and fitch
abercrombie and fitch
mlb jerseys
cheap jordans
michael kors outlet store
michael kors outlet
true religion outlet
tommy hilfiger
salomon shoes
nike outlet store
michael kors factory outlet
michael kors outlet
mbt shoes outlet
discount michael kors handbags
lacoste shirts
lebron shoes
mulberry outlet
michael kors handbags
snapbacks wholesale
swarovski outlet
links of london

Zhenhong Bao said...

oakley sunglasses
chaussure louboutin
longchamp handbags
juicy couture outlet
ferragamo outlet
louis vuitton bags
burberry outlet
hollister clothing store
hollister uk
nike air force 1
police sunglasses
prada outlet online
dior sunglasses
toms outlet
michael kors outlet
ralph lauren polo
lebron james shoes
coach outlet
burberry outlet store
michael kors handbags
christian louboutin shoes
cheap snapbacks
cheap nba jerseys
michael kors uk outlet
michael kors outlet online
mulberry handbags
kate spade handbags
coach outlet
mulberry outlet,mulberry handbags outlet
michael kors outlet online
fitflops clearance
michael kors canada
michael kors wholesale
hermes birkin bag
ray ban sunglasses
20160608zhenhong

Gege Dai said...

abercrombie outlet
coach outlet
giuseppe zanotti shoes
cheap ray ban sunglasses
asics,asics israel,asics shoes,asics running shoes,asics israel,asics gel,asics running,asics gel nimbus,asics gel kayano
moncler outlet
michael kors handbags
pandora jewelry
ralph lauren outlet
nike trainers uk
true religion outlet
new balance outlet
new balance shoes
foamposite shoes
coach factory outlet
nike roshe run shoes
ralph lauren outlet
ugg outlet uk
tory burch outlet
jordan pas cher
longchamp pas cher
nike soccer shoes
louis vuitton bags cheap
tory burch outlet online
michael kors handbags outlet
coach outlet
ed hardy tshirts
yeezy boost
michael kors wallet
polo pas cher
lebron james shoes
salomon shoes
michael kors outlet online
michael kors outlet
longchamp handbags
ray ban sunglasses
nike huarache
0811jianxiang

chenmeinv0 said...

christian louboutin shoes
gucci belts
ugg outlet stores
retro jordan 13
mont blanc ballpoint pen
cheap oakley sunglasses
moncler outlet
adidas outlet
prada bags
michael kors handbags
20171.11chenjinyan